ဗိုလ်ချုပ်အောင်ဆန်း က "လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ"တဲ့
လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ၊ လွှတ်တော်အဆိုမှာ ဝါဒဖြန့်ရုံလောက်သာ ရှိသည်။ အလုပ်လုပ်ရပေမည်။ လုပ်မှရမည်။ အိပ်နေ၍မရ။ တဦးတည်းဗိုလ်၊ တဦးတည်းနောက်လိုက် လုပ်၍မရ။ မဲဝယ်၍မရ။ ရာထူး လိုက်နေ၍မရ။ အော်ရုံဖြင့်မရ။ အနစ်နာခံ၊ အဆင်းရဲခံ။ အပင်ပန်းခံ၊ အစတေးခံကြမှရမည်။ သို့သော် ဆောင်ရွက်လျှင် ငါတို့သည် အောင်ပန်းကိုမချွတ် လက်လှမ်းနိုင်မည်။
သခင်အောင်ဆန်း ရေးသော "ကမ္ဘာစစ်နှင့်ဗမာ" ဆောင်းပါးမှ
ယင်းဆောင်းပါးကို ဘုံဝါဒနှင့် တို့ဗမာ၊ ရန်ကုန်၊ ပြည်သူ့ပုံနှိပ်တိုက်၊ ၁၉၆၄ ခုနှစ်၊ သြဂုတ်လ၊ ဒုတိယအကြိမ်တွင် ဖော်ပြခဲ့သည်။
DM&ALS |
0 comments:
Post a Comment