Search This Blog

Now Loading......

[Big Brothers & Sisters] လူငယ်တွေ ရဲရင့်ရမယ်

လူငယ်တွေ ရဲရင့်ရမယ်  မှားသည်လည်း ရှိမည်။ မှန်သည်လည်း ရှိမည်။ မိမိ၏ ဆင်ခြင်ဥာဏ်ဖြင့် မှန်တာကိုယူ၍ မှားတာကို ပယ်ပါ။  ပြောလေ့ ပြောထရှိသော ကြားလေ့ ကြားထရှိသော စကားများ အတိုင်း ပြောရလျှင် လူငယ်သည် တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်များ ဖြစ်သည်။  မှန်ပါသည်။ လူငယ်များတွင် ခွန်အားရှိသည်။ နုပျိုမှုရှိသည်။ ဆန်းသစ်မှု ရှိသည်။ တီထွင်မှု ရှိသည်။  ကျွန်တော့် အနေနှင့် ယနေ့ လူငယ်များကို ရဲရင့်စေလို သည်။ လူငယ်သည် ရဲရင့်ရမည်။  ရဲရင့်သည်ဆိုရာ၌ မှန်ကန်မှုတွင် ရဲရင့်ခြင်းသည်သာ ရဲရင့်ခြင်း အစစ်အမှန် ဖြစ်၏။  ကောင်မလေးတစ်ယောက်နောက်ကို လူရှေ့သူရှေု့လိုက်စကားပြောရဲပြီး စာသင်ခန်းမှာ အတန်းသားတွေ ရှေ့ထွက်ပြီး စာ မပြောရဲသော ရဲခြင်း မျိုးကိုတော့ မလိုလားပါ။ ယနေ့ လူငယ်အများအပြားမှာ ထိုအတိုင်းပင် ဖြစ်နေသည်။  ကိုယ့်ဘ၀အတွက် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့ အတွက် ကျတော့ သတ္တိရှိရှိ မလုပ်ရဲ။ မဟုတ်သည့် အပျော်အပါး ကိစ္စတွေ ပေါ့သွမ်း သော ကိစ္စတွေ မှာကျတော့ သတ္တိတွေ ရှိလိုက်ကြတာ ရာဇ၀င်ထဲက သူရဲကောင်းတွေလောက်တော့ သနားတယ် ဆိုတာမျိုး ပင်။ အခြားသော တက္ကသိုလ်များတွင်တော့ မသိ။ ကျွန်တော်တက်နေသော နည်းပညာတက္ကသိုလ်တွင်တော့ presentation လုပ်တယ် ဆိုပြီး အတန်းသားတွေေ၇ှ့ထွက် စတေ့ခ်ျခုံပေါ်မှာ စာတွေ ပြောရသည်။ ထိုအခါများတွင် ထွက်ရဲသူ လုပ်ရဲသူ အင်မတန်ရှားသည်။  ဟိုလူ ထွက်နိုး ဒီလူ ထွက်နိုး ဟိုလူ့ လွှဲချ ဒီလူ့ လွှဲချ လုပ်တတ်ကြသည်။ ဤအပြုအမူသည် ကောင်းသော အလားအလာကိုေ ပးသော အပြု အမူမျိုးမဟုတ်။ လူရှေ့ သူရှေ့ ထွက်၍ ဟောပြောရဲသောစွမ်းရည်သည် လူငယ်တွေ အတွက် အင်မတန်လိုအပ်လှပါသည်။ နောင်တစ်ချိန် တွင် ကိုယ်က ရာထူးရာခံ ကြီးမားသော လူတစ်ယောက် ဖြစ်မလာနိုင်ဘူးဟု မပြောနိုင် ။ ထိုအခါမှာ ကိုယ့် အထက်အရာရှိတွေ ရှေ့ ကိုယ့် ငယ်သားတွေ ရှေ့ ထွက်ပြီး ဟောရမည် ပြောရမည် လုပ်ငန်းသဘောတွေ ရှင်းပြရမည်။ အဲဒီအခါမှ လူေ၇ှ့မရပ်ရဲလို့ ကြောက်ဒူးတုန် နေလျှင် မိမိအကျိုးစီးပွား ထိခိုက်ဖွယ်ရာသာ ရှိမည်။ အချို့ လူငယ်တွေ သူတို့  နှင့် သက်ဆိုင်ရာ ပညာ၇ပ်တွေမှာ သူများထက် ထူးချွန်ကြသည်။ တော်ကြသည်။ ပညာကို တတ်ရုံ ထူးချွန်ရုံနှင့် ဘ၀သည် အောင်မြင်လာမည်မဟုတ်။ လူတွေကို ကိုယ့်သိသည့် ပညာအကြောင်း ဟောရဲပြောရဲရမည်။ ကိုယ်ပညာတတ်ကြောင်း ပြနိုင်ရမည်။ ထိုအခါမျိုးမှာ ကျောင်းတုန်းက မရှက်မကြောက် ဟိုစပ်စပ်ဒီစပ်စပ် ပါပြီး ကိုယ့်လောက်မသိသည့် သူတွေ စင်ပေါ်တက်ရဲတဲ့သူတွေက ကိုယ့်ထက် နေရာပိုရသွားတာမျိုး တွေ ကြုံလျှင် ဘယ်လောက်ခံပြင်းဖို့ ကောင်းလိုက်မလဲ။  နောင်တဟူသည် နောက်မှ ရတတ်သည်။သို့ သော် နောင်တမရအောင် လူငယ်တွေ အနေနှင့် အတွေးအခေါ် အမျှော်အမြင်ရှိရှိ ကြိုးစား လုပ်ကိုင်သင့်သည်။  ရဲလျှင် မင်း ဖြစ်သည်ဟူသော စကားလည်းရှိသည်မဟုတ်လော။  လူငယ်တွေကို ရဲရင့်ကြစေချင်သည်။  http://www.facebook.com/l/1AQC80c5UAQAozmaPLjZnFI5b2VCP_LO73wwHJr6bDVvARw/onlinepyadaik.com/profiles/blogs/4021190:BlogPost:248413
Aung Lat 7:55pm Jul 15
လူငယ်တွေ ရဲရင့်ရမယ်

မှားသည်လည်း ရှိမည်။ မှန်သည်လည်း ရှိမည်။ မိမိ၏ ဆင်ခြင်ဥာဏ်ဖြင့် မှန်တာကိုယူ၍ မှားတာကို ပယ်ပါ။

ပြောလေ့ ပြောထရှိသော ကြားလေ့ ကြားထရှိသော စကားများ အတိုင်း ပြောရလျှင် လူငယ်သည် တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်များ ဖြစ်သည်။

မှန်ပါသည်။ လူငယ်များတွင် ခွန်အားရှိသည်။ နုပျိုမှုရှိသည်။ ဆန်းသစ်မှု ရှိသည်။ တီထွင်မှု ရှိသည်။

ကျွန်တော့် အနေနှင့် ယနေ့ လူငယ်များကို ရဲရင့်စေလို သည်။ လူငယ်သည် ရဲရင့်ရမည်။

ရဲရင့်သည်ဆိုရာ၌ မှန်ကန်မှုတွင် ရဲရင့်ခြင်းသည်သာ ရဲရင့်ခြင်း အစစ်အမှန် ဖြစ်၏။

ကောင်မလေးတစ်ယောက်နောက်ကို လူရှေ့သူရှေု့လိုက်စကားပြောရဲပြီး စာသင်ခန်းမှာ အတန်းသားတွေ ရှေ့ထွက်ပြီး စာ မပြောရဲသော ရဲခြင်း မျိုးကိုတော့ မလိုလားပါ။ ယနေ့ လူငယ်အများအပြားမှာ ထိုအတိုင်းပင် ဖြစ်နေသည်။

ကိုယ့်ဘ၀အတွက် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့ အတွက် ကျတော့ သတ္တိရှိရှိ မလုပ်ရဲ။ မဟုတ်သည့် အပျော်အပါး ကိစ္စတွေ ပေါ့သွမ်း သော ကိစ္စတွေ မှာကျတော့ သတ္တိတွေ ရှိလိုက်ကြတာ ရာဇ၀င်ထဲက သူရဲကောင်းတွေလောက်တော့ သနားတယ် ဆိုတာမျိုး ပင်။ အခြားသော တက္ကသိုလ်များတွင်တော့ မသိ။ ကျွန်တော်တက်နေသော နည်းပညာတက္ကသိုလ်တွင်တော့ presentation လုပ်တယ် ဆိုပြီး အတန်းသားတွေေ၇ှ့ထွက် စတေ့ခ်ျခုံပေါ်မှာ စာတွေ ပြောရသည်။ ထိုအခါများတွင် ထွက်ရဲသူ လုပ်ရဲသူ အင်မတန်ရှားသည်။

ဟိုလူ ထွက်နိုး ဒီလူ ထွက်နိုး ဟိုလူ့ လွှဲချ ဒီလူ့ လွှဲချ လုပ်တတ်ကြသည်။ ဤအပြုအမူသည် ကောင်းသော အလားအလာကိုေ ပးသော အပြု အမူမျိုးမဟုတ်။ လူရှေ့ သူရှေ့ ထွက်၍ ဟောပြောရဲသောစွမ်းရည်သည် လူငယ်တွေ အတွက် အင်မတန်လိုအပ်လှပါသည်။ နောင်တစ်ချိန် တွင် ကိုယ်က ရာထူးရာခံ ကြီးမားသော လူတစ်ယောက် ဖြစ်မလာနိုင်ဘူးဟု မပြောနိုင် ။ ထိုအခါမှာ ကိုယ့် အထက်အရာရှိတွေ ရှေ့ ကိုယ့် ငယ်သားတွေ ရှေ့ ထွက်ပြီး ဟောရမည် ပြောရမည် လုပ်ငန်းသဘောတွေ ရှင်းပြရမည်။ အဲဒီအခါမှ လူေ၇ှ့မရပ်ရဲလို့ ကြောက်ဒူးတုန် နေလျှင် မိမိအကျိုးစီးပွား ထိခိုက်ဖွယ်ရာသာ ရှိမည်။ အချို့ လူငယ်တွေ သူတို့  နှင့် သက်ဆိုင်ရာ ပညာ၇ပ်တွေမှာ သူများထက် ထူးချွန်ကြသည်။ တော်ကြသည်။ ပညာကို တတ်ရုံ ထူးချွန်ရုံနှင့် ဘ၀သည် အောင်မြင်လာမည်မဟုတ်။ လူတွေကို ကိုယ့်သိသည့် ပညာအကြောင်း ဟောရဲပြောရဲရမည်။ ကိုယ်ပညာတတ်ကြောင်း ပြနိုင်ရမည်။ ထိုအခါမျိုးမှာ ကျောင်းတုန်းက မရှက်မကြောက် ဟိုစပ်စပ်ဒီစပ်စပ် ပါပြီး ကိုယ့်လောက်မသိသည့် သူတွေ စင်ပေါ်တက်ရဲတဲ့သူတွေက ကိုယ့်ထက် နေရာပိုရသွားတာမျိုး တွေ ကြုံလျှင် ဘယ်လောက်ခံပြင်းဖို့ ကောင်းလိုက်မလဲ။

နောင်တဟူသည် နောက်မှ ရတတ်သည်။သို့ သော် နောင်တမရအောင် လူငယ်တွေ အနေနှင့် အတွေးအခေါ် အမျှော်အမြင်ရှိရှိ ကြိုးစား လုပ်ကိုင်သင့်သည်။

ရဲလျှင် မင်း ဖြစ်သည်ဟူသော စကားလည်းရှိသည်မဟုတ်လော။

လူငယ်တွေကို ရဲရင့်ကြစေချင်သည်။

http://www.facebook.com/l/1AQC80c5UAQAozmaPLjZnFI5b2VCP_LO73wwHJr6bDVvARw/onlinepyadaik.com/profiles/blogs/4021190:BlogPost:248413
လူငယ်တွေ ရဲရင့်ရမယ် - ပြတိုက်
onlinepyadaik.com
လူငယ်တွေ ရဲရင့်ရမယ် မှားသည်လည်း ရှိမည်။ မှန်သည်လည်း ရှိမည်။ မိမိ၏ ဆင်ခြင်ဥာဏ်ဖြင့် မှန်တာကို

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN