[By Aungmyo Tun]
မေး။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ စည်းရုံးရေးအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ နှစ်ကျပ်တိုးနှုန်းနဲ့ တစ်ဦးကို ၂ သောင်းကျပ် ချေးတယ်။ ဆပ်တာမှန်ရင် ၃ သောင်းကျပ်
ချေးတယ်။ လက်ရှိ မြို့ ပေါ်မှာ ပိုက်ဆံချေးပေးနေတာ ၇ ဘီလီယံ ရှိပါတယ်။ ပါတီဝင်
အင်အားတွေတိုးလျက်ရှိပါတယ်။
မေး။ ။ ပါတီဝင်အင်အားစာရင်း ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ အခုလောလောဆယ် ရန်ကုန်တိုင်းဒေသကြီးမှာ ပါတီဝင် ၁.၈ သန်း ရှိပါတယ်။
မေး။ ။ ကြံ့ခိုင်ရေးပါတီ EC တွေကို လစာပေးမယ်လို့ ကြားပါတယ်။
ဖြေ။ ။ လစာရယ်မဟုတ်ပါဘူး။ ထောက်ပံ့ကြေးပါ။ ဗဟိုဌာနချုပ်က ပေးတာဖြစ်ပါတယ်။
မေး။ ။ ဘယ်လောက်သတ်မှတ်ထားပါသလဲ။
ဖြေ။ ။ တိုင်း EC ၈ သောင်း၊ ခရိုင်အတွင်းရေးမှုး ၈ သောင်း၊ ခရိုင် EC ၇ သောင်း၊ မြို့ နယ် EC
၆ သောင်းကျပ်။ ဒီလက စ ပေးတော့မှာပါ။
မေး။ ။ တိုင်းဒေသကြီးတာဝန်ခံ ဗဟိုကော်မတီဝင်ကြီးအနေနဲ့ လတ်တလောကာလ ပြင်ပမှာ
သတင်းတွေဖြစ်ပေါ်နေပါတယ်။ ဒီသတင်းတွေနဲ့ ပက်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ ဒီခေတ်ထဲမှာ အမျိုးမျိုးသော ကောလာဟလတွေ ရှိနေတာပေါ့ဗျာ။
မေး။ ။ ဒါဆိုရင် တာဝန်ခံကြီးအနေနှင့် ဗဟိုဦးစီးစနစ်ကျင့်သုံးတာမဟုတ်ဘဲ ပါတီတွင်းဒီမိုကရေစီ
စနစ်ကို ကျင့်သုံးတာလို့ ဆိုနိုင်ပါသလား။
ဖြေ။ ။ မှန်ပါတယ်။ အများဆန္ဒနဲ့ သာ ကိစ္စတစ်ရပ်ကို ကျွန်တော်တို့ ဆုံးဖြတ်တယ်။ အခု အပေါင်
ပစ္စည်းမယူဘဲ ၂ ကျပ်တိုးနှင့် ၅ ယောက်ဝိုင်းကြီးချုပ်စနစ်နှင့် ချေးပေးတယ်။ ဒီလိုဘဲ
နိုင်ငံရေးပါတီအချို့ ကိုလည်း သူတို့ အတွက် ငွေချေးပေးတယ်။ လူမျိုးမရွေး ပါတီမရွေး
အခက်အခဲရှိရင် ကူညီပေးတယ်။
မေး။ ။ ဘယ်ပါတီတွေကို ချေးငွေထုတ်ပေးထားပါသလဲ။
ဖြေ။ ။ အဲဒါတော့ ထုတ်ပြောဖို့ မသင့်တော်ပါဘူး။
( HOT NEWS ဂျာနယ် Vol 1. No 47, 48 တွင် ပါရှိသော ဗိုလ်မှူးချုပ်အောင်သိန်းလင်း(ငြိမ်း)နှင့်
တွေ့ ဆုံခြင်းမှ ဖြတ်တောက်ထုတ်နှုတ်ဖော်ပြပါသည်)
0 comments:
Post a Comment