Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: အစိုးရပိုင်ကြေးမုံ သတင်းစာမှ နိုင်ငံတော် အုပ်ချုပ်ခဲ့သူများကို ဝေဖ...

created the doc: "အစိုးရပိုင်ကြေးမုံ သတင်းစာမှ နိုင်ငံတော် အုပ်ချုပ်ခဲ့သူများကို ဝေဖန်ရေးသား"
Rozoner King created the doc: "အစိုးရပိုင်ကြေးမုံ သတင်းစာမှ နိုင်ငံတော် အုပ်ချုပ်ခဲ့သူများကို ဝေဖန်ရေးသား"

[By UZa Wana]

 

၂၀၁၁-၇-၁၅

နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သူ အဆက်ဆက်သည် မြန်မာနိုင်ငံတွင် ဆင်းရဲ နွမ်းပါးသူတို့ အရေးကို လုပ်ဆောင်

ခဲ့ခြင်းမရှိကြောင်း အစိုးရပိုင်သတင်းစာ တစ်စောင်ဖြစ်သော ကြေးမုံ သတင်းစာပါဆောင်းပါး တပုဒ်က

 

ဝေဖန်ရေးသားလိုက်သည်။

ဇူလိုင်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ရေးသားထားသော ဆောင်းပါးရှင် ဝေယံမောင်၏ "တိုင်းရင်းပီစွာ ရိုင်းပင်း

 

ညီကာ ၀ိုင်းဝန်း ပါဝင်ကြပါစို့ " ဆောင်းပါးတွင်ဝေဖန်ချက်ကို ထိုသို့ ရေးသားဖေါ်ပြထားခြင်း ဖြစ်သည်။

စာရေးသူ ဝေယံမောင်က ပွင့်ပွင့်လင်းလင်း ဝေဖန်ရမည် ဆိုလျှင် ရေမြေတောတောင်သဘာဝနှင့်သယံဇာ တ ပေါကြွယ်ဝလှသည့် ကျွန်တော်တို့ နိုင်ငံ၊ မြေကြီးက ရွှေသီးသည်ဟုတင်စားသည့် ကျွန်တော်တို့

 

တိုင်းပြည်တွင် ဆင်းရဲ နွမ်းပါးမူ ၂၆ ရာခိုင်နုန်းကျော်ခဲ့ရခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်သူ အဆက်ဆက် တို့က ဆင်းရဲနွမ်းပါးသူတို့၏အရေးကို လုပ်သင့် လုပ်ထိုက်သလောက် မလုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်ဟု ဆိုကာရေးသားဖေါ်ပြထားသည်။

၎င်းပြင်သူက အုပ်ချုပ်မူ အားနည်းခြင်းနှင့် အထူးအခွင့်အရေးများ ပေးခြင်းတို့ကြောင့် ဆင်းရဲ ချမ်းသာ

ကွာဟမူ မြင့်မားခြင်းတို့ကို ရင်ဆိုင်နေကြရခြင်းဖြစ်ကြောင်း၊ ခေတ် အဆက်ဆက် အုပ်ချုပ်မူ အားနည်း

 

ခြင်းတို့၏ ရလဒ်ကြောင့်ဖွံ့ဖြိုးတိုးတက်မူ နှေးကွေးခဲ့ရကြောင်း၊ လက်တစ်ဆုတ်စာ လူတန်းစားတို့၏

အခွင့်ထူးခံ လုပ်ရပ်များကြောင်း ပြည်သူအများစု နစ်နာခဲ့ရသည်။ တိုင်းပြည်၏အကျိုးစီးပွား အကျိုးမဲ့စွာ ဆုံးရှုံးခဲ့ရသည်ဟုလည်း ဖေါ်ပြထားသည်။

စာရေးသူ ဝေယံမောင်က တိုင်းပြည်ကို အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ကို ပြောဆိုဝေဖန်ထားသဖြင့်

 

တိုင်းပြည် အာဏာကို နှစ်ပေါင်း ၂၃ နှစ် ကြာ ရယူ ထားခဲ့သောစစ်အစိုးရအားလည်း သူ့ဆောင်းပါးက အရှက်ရစေလိမ့်မည်ဟု စာဖတ်သူများက သုံးသပ်ပြောဆိုသည်။

၎င်းပြင် ယနေ့ မြန်မာနိုင်ငံ တွင် ကောင်းစားနေသော လက်တဆုတ်စာ လူတန်းစားမှာ ယခင်တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သော တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ၏ဆွေမျိုးသားချင်းများနှင့်နီးစပ်သူများ

 ဖြစ်သဖြင့် ဝေယံမောင်၏ ဆောင်းပါးမှာဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအပါအ၀င် သန်းကြွယ် သူဌေး

 

ဦးတေဇတို့၏အရှိုက်ကို လက်သီး တိုက်ရိုက် ထိမှန်သွားသလို ခံစားရမည့် ဆောင်းတပါး တပုဒ်အဖြစ်

စာဖတ်သူများက ရှု့မြင်နေကြရသည်ဟု သတင်း ရရှိသည်။

 

အမှန်တရားကိုထင်ဟပ်စေတဲ့ ဆောင်းပါးရှင် ဝေယံမောင်


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN