Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: အကျင့်၊ တာဝန်၊ စည်းကမ်း ပျက်ခဲ့ကြသည်။

created the doc: "အကျင့်၊ တာဝန်၊ စည်းကမ်း ပျက်ခဲ့ကြသည်။"
Rozoner King created the doc: "အကျင့်၊ တာဝန်၊ စည်းကမ်း ပျက်ခဲ့ကြသည်။"

[By Let's Work]

 

ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးမှာ   ( ကျွန်တော်တို့ လည်းမြန်မာနိုင်ငံသားဖြစ်လို့ ကိုယ်ကိုကိုယ်လည်းအပြစ်တင်သလို ပြန်ပြောပါတယ်) တွေမှာ ကြီးမားသော အားနည်းချက် တစ်ခုရှိပါတယ်။

ဒီကြီးမားတဲ့ အားနည်းချက်ကြီးကြောင့်လည်း မြန်မာနိုင်ငံက ယနေ့ ထိ ယခုလိုရှုတ်ထွေးပွေလီသောပြဿနာပေါင်းစုံးနဲ့ အခက်ခဲပေါင်းစုံကို ရင်ဆိုင်နေရတယ်လို့ သာယူဆပါတယ်။

 

ဒီအားနည်းချက်ကြီးက တော့  ဝေဖန်တာ ကိုမခံနိုင်တာကိစ္စဖြစ်ပါသည်။ 

အကျိုးဖြစ်စေချင်တဲ့ အနေအထားနဲ့ ဝေဖန် ခြင်းမျိုး၊ အပြုသဘောနဲ့ ကျိုးကြောင်းပြောဆိုဝေဖန်ခြင်းမျိုးကို လည်း တစ်ဦးနဲ့တစ်ဦး အားမပေးကြပါ၊ မလုပ်ဆောင်ကြပါ။  ကျင့်သားရကြဖို့ လည်း မလုပ်ဆောင်ကြလိုပါ။

 

အားလုံးသည် ပိသားလေးဘေးပြစ်စကားများနဲ့ သာသာထိုထို ပြစ်ပြစ်နှစ်နှစ် ဝေဖန် အပြစ်တင်မျိုးကိုသာလျှင် လုပ်ကြသည်။ 

တနည်းဆိုသော လွန်ကဲသော ဝေဖန်မှုမျိုး များနဲ့ ကြီးပျင်းလာပေးကြသည်လို့ မြင်ပါသည်။ 

ထိုလွန်ကဲသော ဝေဖန်များနဲ့ စိတ်အရသာကိုဖြေဖျောက်ကြသည့်လူမျိုးများလို့ ပြောလျှင်လည်းမမှားချေ။

 

အပြုသဘောဝေဖန်ခြင်းမျိုး ရဲ့ နည်းနာကိုလည်း နားမလည်ကြချေ၊ 

ထိုအတူ အပြုသဘောချည်းကပ်ပြောဆိုခြင်းမျိုးလည်း မကျွမ်းကျင်ကြချေ။ လူတစ်ယောက်ကိုချစ်စေလိုမုန်းစေလိုမဟုတ်ပေမဲ့ဆိုတဲ့စကားလုံးကိုသုံးကာ အလွန်အကျွံသုံးကာ ဝေဖန်ခြင်းများအကျင့်စရိုက်ကား

မွေးရာပါအကျင့်တစ်ခုလိုဖြစ်စေခဲ့သည်။ ရှင်သန်ကြီးထွားခဲ့ပေးသည်။ ဒါကိုဘဲရိုးတယ် ပွင့်လင်းတယ် စိတ်ကောင်းမွန်မြတ်တယ် အများသူဌာက ဆိုကြသည်။

ပေါ့ပျက်ပျက်နဲ့ ထိုကိစ္စ (ဝေဖန်ခြင်း) ရဲ့ အတိမ်အနက်သဘောကို လွဲမှားစွာနားလည်ကြသည်လို့ လည်းမြင်မိပါသည်။

 

သည့်အတွက်ကြောင့်လည်း ကျွန်တော်တို့ နိုင်ငံတွင် (ကျွန်တော်တို့ အပါအ၀င်) ကလေးကစပြီးတော့ သေခါနီး လူကြီး တွေအထိ အပြုသဘောဝေဖန်ခြင်းတန်ဖိုးနဲ့ ဘောင်လွတ်လက်လွတ်ဝေဖန်ပြောဆိုခြင်းတွေရဲ့ တန်ဖိုးကိုမခွဲခြားတတ်တော့သလို၊ရောနှောကာ

တွင်တွင်ကြီးသုံးစွဲကြပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ အသိုင်းအ၀ိုင်းအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက်

ဘောင်လွတ်လက်လွတ်ဝေဖန်ပြောဆိုခြင်းပေါ်တွင်အရမ်းအားသန်တယ်လို့ ကိုထင်ပါတယ်။

 

ဒီအတွက်ကြောင့်  မိမိရဲ့ လွတ်လပ်ခွင့်တိုင်းမှာ တာဝန်သိမှု၊ စည်းကမ်းရှိရမှုဆိုတာတွေအပြည့်အ၀ပါဝင်နေတယ် ၊ ဒီကျင့်ဝတ်သိက္ခာတွေ နဲ့ အညီဆိုတာ ကို နားလည်သိမြင်ခဲ့ကြခြင်းမရှိကြတော့ပါဘူး။ ထိုအတူသိမြင်ဖို့ လည်းမကျီုးစားတော့ပါဘူး။ သိမြင်ရဖို့ ကောင်းမှန်းလည်း မစဉ်းစားကြတော့ပါဘူး။

 

ဒီလိုအခြေအနေတွေကိုဘယ်လိုပြင်ကြမလည်း၊ ဘယ်လို ကဘယ်လို ကိုယ်ကိုကိုယ်ကအစ တနိုင်ငံလုံးမှာနေထိုင်ကြတဲ့ နိုင်ငံသားတွေအဆုံး ပြောင်းလဲပြောဆိုနေထိုင်ကြမလည်း ဆိုတာက အရမ်းသိချင်တဲ့၊ အရမ်းလိုအပ်တဲ့ အကြောင်းအရာလို့ မြင်ပါတယ်။


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN