[By Shin Goun Gwep]
US မှာကအာမခံကုမ္ပဏီတွေနဲ့  ဆက်ဆံရတယ်ဆိုပေမယ့်  Quality Of Care ကဥရောပမှာထက်
အများကြီးသာပါတယ်။ဥရောပမှာ(အိုင်ယာလန်)တုန်းကဆိုရင် လူနာ လေးငါးယောက်လောက်ကို
အခန်းထဲမှာစုပေါင်းပြီးထားတာ။တီဗွီကတစ်လုံးတည်းရယ်။လူနာစမ်းချင်ရင် ကုတင်ဘေးကလိုက်
ကာတွေကိုဆွဲလိုက်ရင် အခန်းသေးသေးလိုလုံခြုံသွားရော။ကင်ဆာရောဂါရှင်ပေမယ့် လည်းအခန်း
သတ်သတ်ရချင်မှရတယ်။တခြားရောဂါတွေကူးဖို့ ပိုလွယ်တာပေါ့ ။US မှာဆိုရင် ကင်ဆာရှိတဲ့ သူ
ဆေးရုံလာတက်ရင်အခန်းသတ်သတ်နဲ့ ထားတာ။ပန်းတွေဘာတွေကအစယူမလာရဘူး။ရောဂါရမှာစိုးလို့ ။
US မှာကလူနာအခန်းတစ်ခန်းထဲမှာ အများဆုံးလူနာနှစ်ယောက်ပဲ။အများစုကလူနာတစ်ယောက်
တစ်ခန်းရတာများတယ်။အိမ်သာရေချိုးခန်းသတ်သတ်ပါသေးတယ်။လူနာနဲ့ သူ့ မိသားစုအတွက်
ပိုကောင်းတယ်။ပိုပြီး Pravicy ရှိပါတယ်။ကျွန်မအဲဒါကိုအကြိုက်ဆုံးပဲ။ဆေးရုံလာပြီးမှအခန်းသတ်သတ်
မရဘူးဆိုလျှင် စိတ်ပျက်စရာပေါ့ ။
အိုင်ယာလန်မှာတုံးက ကလေးအဆောင်မှာတော့ ကလေးတွေကိုသပ်သပ်စီခွဲထားပါတယ်။
US မှာကဆေးရုံတွေလည်းအရေအတွက်ပိုများတယ်။စပါယ်ရှယ်လစ်(ဥပမာ ပလတ်စတစ်ဆာဂျင်)
တစ်ယောက်ကိုတွေ့ ဖို့ တခြားမြို့ ကိုသွားစရာမလိုတာများတယ်။အိုင်ယာလန်မှာတုန်းက နှလုံး
ရောဂါရနေတဲ့ လူနာလာရင် သွေးကြောထဲမှာ STENT ထည့် ဖို့ ဖြစ်စေ CATH လုပ်ဖို့ ဖြစ်စေ
လူနာကို ကားနဲ့ ဒပ်ဗလင်ကိုပို့ ရပါတယ်။ဝါးတားဖို့ ဒ်ကဆေးရုံကြီးမှာလုပ်လို့ မရဘူး။
US မှာဆိုရင်တော့ စပါယ်ရှယ်လစ်တွေပိုများတယ်။တခြားဆေးရုံသွားစရာလိုချင်မှလိုမယ်။
သွားစရာလိုရင်လည်းကားနဲ့ မဟုတ်ပဲ ဟယ်လီကော့ ပတာ(ရဟတ်ယာဉ်)နဲ့ ခေါ်သွားဖို့ များတယ်။
ဒီမှာ Medical Chopper တွေသိပ်များပါတယ်။အထူးသဖြင့် မြို့ ကြီးတွေမှာပါ။ဆေးရုံကြီးတွေကို
ပို့ ကြတာပါ။ထရန်စဖာလုပ်တာဖြစ်စေ အက်ဆီးဒင့် ဖြစ်လို့ ဆေးရုံကိုပို့ ရတာဖြစ်စေရဟတ်ယာဉ်
တွေသုံးပါတယ်။ TV News သီတင်းတွေကလည်းရဟတ်ယာဉ်တွေသုံးပါတယ်။ရဲတွေကသုံးတာလည်း
ရှိပါတယ်။ဒါပေမယ့် ရဟတ်ယာဉ်တိုင်းကတော့ လူဆိုးဖမ်းနေတာမဟုတ်ပါဘူး။ကျန်းမာရေးလုပ်ငန်း
အတွက်သုံးတာပိုများပါတယ်။ကျွန်မတို့ မလိုက်ရတာပိုများတယ်။လိုက်ချင်လို့ အကြံအဖန်လုပ်တာ
လည်းမရဘူး။ဟယ်လီကော့ ပတာစီးချင်လို့ ပါ..ဟဲဟဲ။ရဟတ်ယာဉ်တွေပေါ်မှာက နပ်စ်တွေ
EMS ကတာဝန်ရှိသူတွေလိုက်ပါလာပါတယ်။
ကျွန်မတို့ အသိ အိန္ဒိယလူမျိုးဆရာဝန်မကြီင်္းတစ်ယောက်က သူ့ မောင် အင်္ဂလန်မှာ လွန်ခဲ့ တဲ့ 
ခြောက်လလောက်ကနှလုံးရောဂါရတယ်။ခွဲစိတ်ဖို့ လိုတယ်။ဒါပေမယ့် ခြောက်လကြာမှ CABG
(Coronary Artery Bypass Grafting) လုပ်ခွင့် ရတယ်တဲ့ ။ကျွန်မအဖို့ တအံ့ တသြပါပဲ။
နှလုံရောဂါရနေတဲ့ သူကိုမခွဲလို့ သေသွားရင်လည်းဂရုမစိုက်တဲ့ သဘောပေါ့ နော်။ US မှာဆိုရင်
လူနာက CABG လိုရင်ကျွန်မတောင်မသိလိုက်ရဘူး။တခါတလေဆာဂျင်ကလူနာကို CUU
( Coronary Care Unit) ထဲကနေSICU( Surgial ICU) ထဲခေါ်သွားပြီးပြီ။နောက်တနေ့ မှာခွဲ
ပြီးနေပြီ။အလုတ်သင်ဆရာဝန်လုပ်တုံးကပြောပါတယ်။ဒီမှာကအရမ်းကို AGGRESSIVE ဖြစ်ပါတယ်။
ငွေလည်းအရမ်းကုန်ပါတယ်။ဒါ့ ကြောင့် လည်းလူတွေက ကျန်းမာရေးအာမခံမရှိမှာကြောက်ကြတယ်။
အလုပ်ပြုတ်မှာကြောက်ကြတယ်။အလုပ်ပြုတ်ရင်ကျန်းမာရေးအာမခံလည်းမရှိတော့ ဘူး။
ကိုယ့် ဟာကိုယ်ဆိုရင်လစဉ်ငွေများစွာပေးရတယ်။တော်ရုံလူမတတ်နိုင်ဘူး။
ဥရောပမှာက လူတိုင်းမှာကျန်းမာရေးအာမခံရှိပါတယ်။အများစုကိုအစိုးရကတာဝန်ယူတယ်
လို့ ယူဆရပါတယ်။လူတိုင်းမှာတော့ ဆေးကုခွင့် ရှိပါရဲ့ .ဒါပေမယ့် ခုနပြောသလိုပါပဲ။ခွဲစိတ်တာတွေ
စောင့် ရတယ်။ဒူးခွဲဖို့ တို့ အူကျတာခွဲဖို့ တို့ ဆိုရင်လနဲ့ ချီပြီးတောင်စောင်းရဦးမယ်။
တကယ်ကိုမလွယ်ဘူး။စနစ်တစ်ခုနဲ့ တစ်ခုကောင်းတာတွေရောဆိုးတာတွေပါရှိတယ်။
ကနေဒါမှာစပါယ်ရှယ်လစ်တစ်ယောက်ဆီသွားရတဲ့ လူနာကသူဆရာဝန်နဲ့ တွေ့ ချိန်ငါးမိနစ်
လောက်ပဲရတယ်တဲ့ ။သူတို့ ကလည်းဥရောပလို System ပါပဲ။ဆရာဝန်အလုံအလောက်မရှိဘူး။
လူနာကများတယ်။ငါးမိနစ်ပဲတွေ့ ချိန်ရတော့ မကောင်းဘူးပေါ့ ။အမှန်မှာလူနာအသစ်ဆိုရင်
မိနစ်နှစ်ဆယ်လောက်လိုပါတယ်။
US မှာ ICU တွေပိုများပါတယ်။တော်ရုံလူနာတွေတော်တော်နဲ့ မသေကြပါဘူး။အဲဒါတစ်ခါတစ်လေလည်း
ကောင်းတယ်။အက်ဆီးဒင့် ဖြစ်တဲ့ လူငယ်တွေ၊ အဆိပ်သောက်သူတွေ၊နှလုံး အဆုတ်ရောဂါရှင်တွေကို
ကယ်နိုင်ပါတယ်။တစ်ခါတလေလည်းမျှော်လင့်ချက်မရှိတော့ တဲ့ လူနာကို ICU ထဲမှာထားတာငွေကုန်တာပါပဲ။
ဒါပေမယ့် အဲဒီ့ အခါတွေကျတော့ လည်းဆေးရုံကဖြစ်စေ အစိုးရကဖြစ်စေ လူနာရှင်ကမတတ်နိုင်ရင်ပေးပါတယ်။
အသားလှီးယူလို့ မှမရတာ.ပရျုက်ဗိတ်ဆေးရုံတွေမှာအမြတ်ငွေတွေအများကြီးရတတ်တာရှိပါတယ်။
ဥရောပကျတော့ လည်း SOCIALIZED MEDICINE ဆိုတော့ ကိုယ်ဝန်ဆောင်တွေအတွက်၊ကလေး
မီးဖွါးတာတွေအတွက်၊ကလေးကာကွယ်ဆေးထိုးတာတွေအတွက်ပိုအဆင်ပြေမယ်ထင်ပါတယ်။
လူနာတွေဟာအစိုးရဆေးရုံတွေမှာသွားပြလို့ ရပါတယ်။FACILITY တွေကျတော့ US ကပိုကောင်းပါတယ်။
ဆေးရုံကင်တင်းကအစဆေးရုံမှာသုံးတဲ့ လူနာမှတ်တမ်း CHART တွေကအစကွာလတီမတူဘူး။
ဒါပေမယ့်  US မှာတင်ပဲဆေးရုံကကွာပါသေးတယ်။နယူးရော့ ခ်က(ဥပမာ ဘရွန်ဇ်၊ဘရွတ်ကလင်း၊ဂျမေးကား
တို့ ကွင်းစ်တို့ လိုနေရာမျိုး)တချို့ ဆေးရုံတွေနဲ့  NYU လိုကိုလံဘီယာလိုဆေးရုံကြီးတွေနဲ့ မတူနိုင်ပါ။
စာသင်ကြားပုံခြင်း၊အလုပ်သင်ဆရာဝန်တွေကိုထရိန်လုပ်ပုံခြင်းမတူနိုင်ပါ။
ကျန်းမာရေးအာမခံတွေ၊စနစ်တွေနဲ့ ပတ်သက်လို့ ပြောရရင်တော့ အများကြီးပဲ။ဘယ်တော့ မှ
ပြီးမှာမဟုတ်ဘူး။ဒါပေမယ့် သေချာတာက US မှာ(အထူးသဖြင့် ဆေးရုံမှာ၊ICU )လိုချင်တဲ့ TEST တွေ
CT SCEN တွေမြန်မြန်ဆန်ဆန်လုပ်လို့ ရတယ်။စပါယ်ရှယ်လစ်တွေပိုပေါတယ်။
အာမခံကုမ္ပဏီတွေရှိပေမယ့် လည်းတခြားနိုင်ငံတွေနဲ့ စာလျှင်တော့ 
လုပ်ပိုင်ခွင့် ရယ်၊မြန်ဆန်မှူ့ ရယ်၊ပြည့် စုံမှူ့ ရယ်ကပိုမယ်ထင်ပါတယ်။
0 comments:
Post a Comment