Search This Blog

Now Loading......

[Big Brothers & Sisters] အဓိကပုဂ္ဂိုလ်သည်အောင်ဆန်း-မောရစ်ကောလစ် Maurice Collis

အဓိကပုဂ္ဂိုလ်သည်အောင်ဆန်း-မောရစ်ကောလစ် Maurice Collis by Kyaw Aye on Friday, July 15, 2011 at 9:54pm  အမြင်ပြောင်းလဲမှုသာမဖြစ်ပေါ်ခဲ့လျှင်လွတ်လပ်ရေးကိုမြန်မာပြည်ပြန်လည်ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ထိုသို့ဆိုခြင်းဖြင့်အောင်ဆန်းကိုနိုင်ငံသူရဲ  ကောင်းမဟုတ်ဟုပြောနေခြင်းမဟုတ်ပေ။သို့သော်လည်းသူပေါ်ထွက်လာခြင်းသည်အချိန်ကာလကျရောက်ခြင်းလက္ခဏာဖြစ်သည်။ကျွန်တော်  တို့ကိုအမြင်များပြောင်းလဲစေသောထိုအချက်များကြောင့်တစ်စိတ်တစ်ပိုင်းအားဖြင့်သူပေါ်ထွက်လာခြင်းဖြစ်ပြီး၊ထိုအချက်များကသူ့အတွက်အ  ခြေအနေပြင်ဆင်မပေးလျှင်သူအောင်မြင်နိုင်မည်မဟုတ်ပေ။သို့သော်ထင်ရှားကျော်ကြားသူများဘဝဖြစ်စဉ်တွင်အမြဲတမ်းထိုကဲ့သို့ရှိသည်။အ  ချိန်အခါကျရောက်သောအခါသူတို့ပေါ်ထွက်လာကြသည်။မြန်မာပြည်ကိုလွတ်လပ်ရေးပေးရန်ဗြိတိသျှတို့အားလုံးစီစဉ်ထားကြသည်။၎င်းက  မည်သို့ဖြစ်လာသင့်သည်နှင့်ပတ်သက်ပြီးသူတို့တွင်အစီအစဉ်ရှိပြီး၎င်းကိုသူတို့ဘာသာအကောင်အထည်ဖော်ရမည့်ကျေနပ်အားရမှုကိုသူတို့လို  ချင်ကြသည်။လွတ်မြောက်စေသူ၏ကဏ္ဍကမသေမချာလွင့်ပါးနေသည်။လွတ်လပ်ရေးအတွက်အပြိုင်အဆိုင်ဖြစ်နေကြသည်။ဒေါ်မန်စမစ်ကထို  ကဏ္ဍကိုဖြည့်စွမ်းပေးမည့်မျှော်လင့်ချက်ဖြင့်နှစ်ပေါင်းများစွာကြာစီစဉ်နေခဲ့သည်။မောင့်ဘက်တန်ကလည်းထိုကဏ္ဍ၏ဆွဲဆောင်မှုကိုလစ်လျူရှုမ  နေချေ။ထိုကဏ္ဍသည်သူတို့နှင့်ပြီးပြည့်စုံနေကြောင်းကိုအက်တလီနှင့်လေဘာအစိုးရတို့ကအသိအမှတ်ပြုကြသည်။မြန်မာဘက်ကမူပြိုင်ပွဲဝင်သူ  များစွာရှိကြသည်။ပေထွန်းကတစ်ယောက်ဖြစ်ပြီးဦးစောကနောက်တစ်ယောက်ဖြစ်သည်။သို့လင့်ကစားလွတ်မြောက်စေသူဖြစ်ရန်ရည်ရွယ်ထား  သောဤလူအားလုံးအားပေါ်ထွက်စေခဲ့သည့်သမိုင်းဖြစ်စဉ်တွင်အဓိကလူသည်အောင်ဆန်းဖြစ်လာသည်။                                                                                                  မူရင်း-Last and First in Burma by Maurice Collis                                                           ဒေါက်တာမောင်မောင်၏ မြန်မာ့အောင်ဆန်း AUNG SAN OF BURMA မှကူးယူဖေါ်ပြပါသည်။  မှတ်ချက်-မောရစ်ကောလစ်သည်မြန်မာပြည်တွင်အမှုထမ်းခဲ့သောအင်္ဂလိပ်ဗျူရိုကရက်အရာရှိတစ်တစ်ဦးဖြစ်သလိုမြန်မာပြည်နောက်ခံစာ  အုပ်များလည်းရေးခဲ့သည်။အချို့ကိုမြန်မာဘာသာသို့ပြန်ဆိုပြီးမြန်မာပြည်တွင်ထုတ်ဝေခဲ့ဖူးသည်။မြန်မာပြည်ကိုချစ်သောအင်္ဂလိပ်တစ်ဦးဖြစ်  သည်။
Kyaw Aye 10:00pm Jul 15
အဓိကပုဂ္ဂိုလ်သည်အောင်ဆန်း-မောရစ်ကောလစ် Maurice Collis
by Kyaw Aye on Friday, July 15, 2011 at 9:54pm

အမြင်ပြောင်းလဲမှုသာမဖြစ်ပေါ်ခဲ့လျှင်လွတ်လပ်ရေးကိုမြန်မာပြည်ပြန်လည်ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ထိုသို့ဆိုခြင်းဖြင့်အောင်ဆန်းကိုနိုင်ငံသူရဲ

ကောင်းမဟုတ်ဟုပြောနေခြင်းမဟုတ်ပေ။သို့သော်လည်းသူပေါ်ထွက်လာခြင်းသည်အချိန်ကာလကျရောက်ခြင်းလက္ခဏာဖြစ်သည်။ကျွန်တော်

တို့ကိုအမြင်များပြောင်းလဲစေသောထိုအချက်များကြောင့်တစ်စိတ်တစ်ပိုင်းအားဖြင့်သူပေါ်ထွက်လာခြင်းဖြစ်ပြီး၊ထိုအချက်များကသူ့အတွက်အ

ခြေအနေပြင်ဆင်မပေးလျှင်သူအောင်မြင်နိုင်မည်မဟုတ်ပေ။သို့သော်ထင်ရှားကျော်ကြားသူများဘဝဖြစ်စဉ်တွင်အမြဲတမ်းထိုကဲ့သို့ရှိသည်။အ

ချိန်အခါကျရောက်သောအခါသူတို့ပေါ်ထွက်လာကြသည်။မြန်မာပြည်ကိုလွတ်လပ်ရေးပေးရန်ဗြိတိသျှတို့အားလုံးစီစဉ်ထားကြသည်။၎င်းက

မည်သို့ဖြစ်လာသင့်သည်နှင့်ပတ်သက်ပြီးသူတို့တွင်အစီအစဉ်ရှိပြီး၎င်းကိုသူတို့ဘာသာအကောင်အထည်ဖော်ရမည့်ကျေနပ်အားရမှုကိုသူတို့လို

ချင်ကြသည်။လွတ်မြောက်စေသူ၏ကဏ္ဍကမသေမချာလွင့်ပါးနေသည်။လွတ်လပ်ရေးအတွက်အပြိုင်အဆိုင်ဖြစ်နေကြသည်။ဒေါ်မန်စမစ်ကထို

ကဏ္ဍကိုဖြည့်စွမ်းပေးမည့်မျှော်လင့်ချက်ဖြင့်နှစ်ပေါင်းများစွာကြာစီစဉ်နေခဲ့သည်။မောင့်ဘက်တန်ကလည်းထိုကဏ္ဍ၏ဆွဲဆောင်မှုကိုလစ်လျူရှုမ

နေချေ။ထိုကဏ္ဍသည်သူတို့နှင့်ပြီးပြည့်စုံနေကြောင်းကိုအက်တလီနှင့်လေဘာအစိုးရတို့ကအသိအမှတ်ပြုကြသည်။မြန်မာဘက်ကမူပြိုင်ပွဲဝင်သူ

များစွာရှိကြသည်။ပေထွန်းကတစ်ယောက်ဖြစ်ပြီးဦးစောကနောက်တစ်ယောက်ဖြစ်သည်။သို့လင့်ကစားလွတ်မြောက်စေသူဖြစ်ရန်ရည်ရွယ်ထား

သောဤလူအားလုံးအားပေါ်ထွက်စေခဲ့သည့်သမိုင်းဖြစ်စဉ်တွင်အဓိကလူသည်အောင်ဆန်းဖြစ်လာသည်။



မူရင်း-Last and First in Burma by Maurice Collis

ဒေါက်တာမောင်မောင်၏ မြန်မာ့အောင်ဆန်း AUNG SAN OF BURMA မှကူးယူဖေါ်ပြပါသည်။

မှတ်ချက်-မောရစ်ကောလစ်သည်မြန်မာပြည်တွင်အမှုထမ်းခဲ့သောအင်္ဂလိပ်ဗျူရိုကရက်အရာရှိတစ်တစ်ဦးဖြစ်သလိုမြန်မာပြည်နောက်ခံစာ

အုပ်များလည်းရေးခဲ့သည်။အချို့ကိုမြန်မာဘာသာသို့ပြန်ဆိုပြီးမြန်မာပြည်တွင်ထုတ်ဝေခဲ့ဖူးသည်။မြန်မာပြည်ကိုချစ်သောအင်္ဂလိပ်တစ်ဦးဖြစ်

သည်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN