ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်တို့၏သမီး ၃ နှစ်အရွယ်ခန့်ကဖြစ်သည်။ တစ်နေ့တွင် သန်းရွှေသည် ရုံးတွင်အချိန်ပိုဆင်းရသောကြောင့် နောက်ကျပြီးမှ အိမ်ပြန်ရောက်လာ၏။ ရောက်ရောက်ချင်း သမီးငယ်က အဖေဖြစ်သူကိုမေး၏။
`လမင်းက ဘာလို့အကြီးကြီးဖြစ်နေရတာလဲဖေဖေ´
`လမင်း..ဟုတ်လား၊ မသိပါဘူးသမီးရယ်´
`ကြယ်တွေကျတော့  သေးသေးလေးနော်..ဘာဖြစ်လို့လဲဖေဖေ´
`ကြယ်တွေ ဟုတ်လား၊ အင်း..မပြောတတ်ပါဘူးကွာ´
`ဖေဖေ..ဘာဖြစ်လို့…..´
အမေဖြစ်သူက၀င်ပြောလေသည်။
`ဟဲ့သမီး..ဖေဖေပင်ပန်းလာတယ်လေကွယ်၊ နားပါစေ၊ မေးခွန်းတွေထုတ်မနေစမ်းပါနဲ့´
`မေးစမ်းပါစေကွာ၊ ကလေးကိုအဖေကမှ မရှင်းပြရင် ဘယ်သူကရှင်းပြမှာလဲ၊ မဟုတ်ဘူးလား´
(25.6.2011)
0 comments:
Post a Comment