ကျွန်တော်နဲ့ကိုမြင့်ရွှေတို့ဟာ အလွန်ခင်သော်လည်း၊အယူအဆအားလုံးမှာ တထပ်တည်းတူခဲပါတယ်။မည်သို့ပင်ဖြစ်စေ၊ကိုမြင့်ရွှေနဲ့ပေါင်းလို့ဆိုတဲ့စွပ်စွဲချက်များကိုကျွန်တော်အမြဲပြုံးပြု့းဘဲရင်ဆိုင်ခဲ့
ပါတယ်။
ဒါပေမဲ့
ဒီနေ့် ကိုဇာဂနာခေါ်ကိုသူရမအပေါ် ကိုမြင့်ရွှေထောက်ပြသွားတာကလေးကတော့၊ကျွန်တော်ကြားကြားခြင်းပြောချင်ခဲ့တဲု့စကားလေးပါ။
သို့သော်ကျွန်တော်သူ့လိုနားဝင်အောင်ပြောတတ်မယ်မထင်ပါ။
ဒီတော့ အပြတ်အသတ်ထောက်ခံတတ်တာတော့ ကျွန်တော်ဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လွှတ်တော်ကိုဝင်ဘို့ အတန်တန် စဉ်းစားခဲ့သလောက် အကြိမ်ကြိမ်ငြင်းခဲ့တဲ့သူတစ်ဦးဆိုလဲမှန်ပါတယ်။
ငြင်းရတဲ့အကြောင်းတွေအများကြီးထဲမှာ ကိုယ့်ကိုယ်ကို ဒီလောက်အရည်အချင်းရှိတယ်လို့မထငိသလို၊၀င်ကြတဲ့သူတွေကိုလဲ ကျွန်တော်အားမရသူပ်ါ။
သို့သော် အိုင်ကျူ ၅၀ဆိုတဲ့ သရော်တဲ့စိတ်မျိုးမရှိသလို သူတို့ကျိုးပမ်းမှုတွေကိုအသိအမှတ်ပြုပါတယ်။
ဗုဒ္ဒဘာသာဖြစ်လို့လားမသိဘူး၊စေတနာကိုမြင်သိနေပါတယ်။၂၀၀၈ ဖွဲ့စည်းပုံကို ခေါင်းလျှိုးဝင်သူတွေလို့အပြောမျိုးကျွန်တော်မပြောရက်ခဲ့ပါ။ ရွေ့တာမရွေ့တာ သေချာမသိပေမဲ့၊ယုံကြည်တဲ့နည်းနဲ့ အားစိုက်ထုတ်သူအဖြစ်တော့အသိအမှတ်ပြုပါတယ်။
ကျွန်တော်ကိုသူရနဲ့လည်းလူချင်းခင်ပေမဲ့ ဒီနေရာမှာကွဲလွဲံပါတယ်။ကွဲလွဲခဲ့တဲ့ကိုမြင့်ရွှေနဲ့လည်းဒီနေရာမှာ အမြင်တူပါတယ်ဆိုတဲ့အကြောင်းနဲ့
ကိုသူရရေ I'm sorry လေးတော့ ၀န်မလေးသင့်ကြောင်းပါဗျာ
ကိုဟန်ရှင်ဝင်း 0973016130
2011/10/15 Myint Shwe <myint.shwe@gmail.com>
ဲမြန်မာသံတော်ဆင့်
အောက်တိုဘာ ၁၅ ရက် ၂၀၁၁
ပြည်သူချစ်သောအနုပညာသည်များ နှင့် နိုင်ငံရေးအရ မှန်ကန်မှု (Political Correctness)
စစ်အာဏာရှင်စံနစ်အောက်ကမြန်မာပြည်တွင်အောင်ဆန်းစုကြည်ပြီးလျှင်
ဒုတိယမြောက်တိုင်းပြည့်အသည်းစွဲပုဂ္ဂိုလ်သည်ယခင်အပါတ်ကထောင်က
လွတ်လာသူလူရွှင်တော်ဇာဂနာဖြစ်သည်။ အခြားနာမည်ကြီးတစ်ဦးဖြစ်သူ
မင်းကိုနိုင်မှာကျောင်းသားအသိုင်းအ၀ိုင်းတွင်သာပို လူကြိုက်များ၍တစ်ပြည်
လုံးအနေတွင်တတိယနေရာလောက်မှာသာရှိသည်။
လူရွှင်တော်ဇာဂနာကိုတိုင်းပြည်ကအသဲစွဲကြခြင်းမှာသူတို
့ကိုယ်စားအာဏာရှင်စံနစ်ကြီးကိုရဲရဲတောက်တိုက်ယုံမကတိုက်စွမ်းရည်လည်းထက်မြက်သူဖြစ်
နေ၍ဖြစ်သည်။ခေတ်စံနစ်ကိုသရော်လှောင်ပြောင်သောသူ
့ပြက်လုံးများသည်နောင်ဆယ်စုနှစ်များစွာအထိလူတွေပါးစပ်ဖျားတွင်ပြောစမှတ်ပြုနေဦးမည်မှာ
သေချာသည်။
ဇာဂနာသည်အလုပ်အားဖြင့်လူရွှင်တော်/ဖြော်ဖြေရေးသမား (Comedian/ public
entertainer) အသွင်ယူထားသော်လည်းသူ၏တကယ့်အနှစ်သာရမှာ နိုင်ငံရေးဝေဘန်သူ
(critics) ဖြစ်လေသည်။
ယခုတစ်ကြိမ်သူထောင်ထည်းမှာကြာခဲ့သောအချိန်သည်ပထမအကြိမ်ထက်
အများကြီးပို၍တိုတောင်းသော်လည်းတိုင်းပြည်၏အရေးကြီးသောနိုင်ငံရေး
စခန်းဆင့်ပြောင်းလဲမှုတရပ်ဤကာလတွင်ဖြစ်ပေါ်ခဲ့သည်။ စင်စစ်ဤပြောင်း
လဲမှု၏အကျိုးဆက်ကြောင့်သူအပါအ၀င်နိုင်ငံရေးသမားများ၏ထောင်ကျ
ကာလယခင်အကြိမ်များထက်အများပို၍ကြီးတိုတောင်းသွားခြင်းဖြစ်သည်။
သို့ သော် 'အပြောင်းအလဲ'နှင့်အတူ 'အုပ်စိုးရေးအဟောင်း'ကိုပါတွဲဖက်၍
(Continuity within the change) ကိုအခြေခံဥပဒေသစ်တွင်ထည့်သွင်း၍
အခိုင်အမာလုပ်ထားသည်။ ပြောရလျှင်မြန်မာစစ်အာဏာရှင်စံနစ်သည်
အပြီးသပ်နိဂုံးချုပ်ဘို့ အများကြီးလိုသေးသည်။ လူရွှင်တော်ဇာဂနာအတွက်
လည်းပြက်လုံးလုပ်စရာတွေအများကြီးကျန်သေးသည်။
ပွင့်ပွင့်လင်းလင်းပြောကြစတမ်းဆိုလျှင်အခြေခံဥပဒေသစ်တွင်နိုင်ငံရေးအရ
မသတီစရာအချက်များပါနေသည်။ ထို့ ကြောင့်ပင်မူကြမ်းဘ၀မှာကန်
့ကွက်သံတွေဆူညံနေခဲ့သည်။သို့ သော်တိုင်းပြည်ကဘာကြောင့်လက်ခံခဲ့သနည်း။
ပထမအဖြေမှာ'ဘာထူးမှာလဲ၊ ငြင်းလို့ မှမရပဲ' ဟူ၍ဖြစ်သည်။ ဤအဖြေသည်
မှန်သင့်သလောက်မှန်သော်လည်းသာမန်အများသိ (commonsense) ဖြစ် သည်။
ပို၍အဓိကကျသောဒုတိယအဖြေကနိုင်ငံရေးအသိမှလာသည်။ ၄င်းမှာအခြေခံဥပဒေသစ်သည်
'ဥပဒေ' ဖြစ်နေသောကြောင့်ဖြစ်သည်။
'ဥပဒေအထက်ရောက်နေသူတစ်စု' က 'အမိန့် ပေး၍အုပ်ချုပ်ခြင်း'ကိုခံနေရ
မည့်အစား အုပ်ချုပ်မည့်သူမည်သူဖြစ်စေ
အုပ်ချုပ်သူ-အုပ်ချုပ်ခံနှစ်ဦးစလုံးကို ဥပဒေတစ်ခုဖြင့်စည်းနှောင်၍
'ဥပဒေအရအုပ်ချုပ်ခြင်း' (Rule of law) ဖြင့်
အစားထိုးလိုက်နိုင်ခြင်းသည်ကြီးမားသောတဆင့်တက်ခြင်းဖြစ်သည်။
ဤအကြောင်းကြောင့်ပင်စစ်အစိုးရများကိုတလျှောက်လုံးဆန့် ကျင်လာခဲ့သူ၊
အခြေခံဥပဒေသစ်အတည်မဖြစ်ခင်အထိကန့် ကွက်ခဲ့သူဒေါ်အောင်ဆန်းစု
ကြည်သည်ပင်ထိုဥပဒေအတည်ဖြစ်ပြီးသွားချိန် (done deal) တွင်ပေါ်လာ
သောအခင်းအကျင်းသစ်၌သူမတလျှောက်လုံးတောင်းဆိုလာခဲ့သော 'ဥပဒေ
ဖြင့်အုပ်စိုးခြင်း'ကိုစတင်နိုင်ကောင်းသည်ဟုယူဆ၍ဦးသိန်းစိန်အစိုးရအား
ပူးပေါင်းဆောင်ရွက်မှုပေးကြည့်ရန်စဉ်းစားတာဖြစ်နိုင်သည်။
သူမနည်းတူမြောက်များစွာသောတိုင်းရင်းသားများ၊ မြန်မာအာဏာရှင်စံနစ်
ကြီးစတင်မွေးဖွားချိန် ၁၉၆၂ လောက်ကမွေးခဲ့ကြ၍ယခုအသက် ၅၀ တန်း
ရောက်နေသောမျိုးဆက်များကလည်း လက်တွေ့ နိုင်ငံရေး (pragmatism)
အရလွှတ်တော်ထည်းရောက်အောင်သွားကြကာသူတို
့တစ်သက်တိုင်းပြည်၌မရှိဘူးသေးသောအရပ်သားနိုင်ငံရေးကိုလမ်းထွင်(pioneering)နေကြသည်။
ဆရာဝန်၊ ရာဇ၀တ်မှုလိုက်ရှေ့ နေ၊ စာရေးဆရာ၊ နိုင်ငံရေးအကျဉ်းသားတဖြစ်
လဲအမတ်များသည်လွှတ်တော်ထည်းတွင်- သဘာဝကျစွာပင် - မေးခွန်းလား၊
အဆိုပြုချက်လားမကွဲပြားသောစကားမျိုးဖြင့်ထမေးသူရှိသလို၊ရပ်ကွက်ထဲက
ကိစ္စလောက်ကိုလွှတ်တော်ထည်းယူလာမိသူတွေလည်းပါသည်။ သူတို့ မေး
သောကိစ္စများကိုပြန်ဖြေသူစစ်ဗိုလ်လူထွက်ဝန်ကြီးများကမေးခွန်းနှင့်မဆိုင်
သောကိုယ်ရည်သွေးစကားများပြောကာမထေမဲ့မြင်ပြုတာကိုခံနေကြရသည်။
သူတို့ သည်တော်လို့ တတ်လို့ ထက်သမိုင်းကပေးသောတာဝန်ကိုသိလို့ 
ဝင်လုပ်နေကြသူတွေကများသည်။ ဒီမိုကရေစီကိုတောင်းယူ၊ တိုက်ယူလို့ 
မဖြစ်နိုင်သောတိုင်းပြည်တွင်ကိုယ်တိုင်တည်ဆောက်ယူ(လုပ်ယူ)နေကြခြင်း
ဖြစ်သည်။ စစ်အာဏာပိုင်များထံတွင်ဒီမိုကရေစီအသင့်ရှိနေပြီးသားမဟုတ်။
ဤလွှတ်တော်ကိုယ်စားလှယ်များကို အိုင်ကျူ ၅၀ ပဲရှိသူများဟုသရော်လိုက်
သောလူရွှင်တော်ဇာဂနာသည် သူကိုယ်တိုင်ကနိုင်ငံရေးပြဿနာများကို ဦး
နှောက်ချောက်ခံ၍စဉ်းစားခြင်း (brainstorming) လုပ်လေ့ရှိဟန်မတူဘဲ
ပြက်လုံးထုတ်စရာကုန်ကြမ်းများလောက်သာသဘောထားပုံရသည်။
သူ့ ပြက်လုံးအရသူသည်လွှတ်တော်ကိုယ်စားလှယ်များကိုအထင်မကြီးသည်မှာထင်ရှားသည်။
ဇာဂနာနည်းတူလွှတ်တော်ကိုယ်စားလှယ်များကိုအထင်မ
ကြီးနိုင်သူအခြားလူတစ်ဦးမှာအမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီး
ဗိုလ်ချုပ် ဟောင်းဦးဇော်မင်းဖြစ်သည်။ နိုင်ငံရေးအရ 'ဘက်'
တစ်ဖက်စီဖြစ်နေကြသော် လည်းမြင်ပုံချင်းတူနေကြသည်မှာဆန်းသည်။
သူ့ ပြက်လုံးသည်လွှတ်တော်ကိုယ်စားလှယ်တစုံတစ်ယောက်၏နိုင်ငံရေးလုပ်ရပ်တစ်ခုခုကိုသရော်ခြင်းမဟုတ်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန် ထမ်းဆောင်နေသူအားလုံးကိုသိမ်းကျုံး၍ 'လူ'
ကိုပုတ်ခတ်ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်အများစုသည်ကြံခိုင်ရေးပါတီဝင်များဖြစ်ကြသည်ဆိုစေဦးအသားလွတ်လှောင်ပြောင်သရော်ရန်အကြောင်းမရှိ။
အနောက်ဒီမို ကရေစီရင့်ကျက်နိုင်ငံများတွင်လူသိထင်ရှားလိင်တူဆက်ဆံအကျင့်ရှိသူ
ပါလီမန်အမတ်များနှင့်ထိပ်တန်းရောက်ဘာသာရေးခေါင်းဆောင်များ၊ တရားဝင်
ခွင့်ပြုလက်မှတ်ရအပ်ကိုင်မူးယစ်ဆေးဝါးသုံးစွဲနေသူများ၊အလုပ်မလုပ်ဘဲအစိုးရထောက်ပံ့ကြေး
(welfare) ထိုင်စားနေသူများကိုပင်ဥပဒေကလူတိုင်းနှင့်
တန်းတူထားပေး၍တလေးတစားဆက်ဆံစေသည်။
မြန်မာပြည်တွင်ကြံ့ခိုင်ရေးအမတ်များထည်းမှ၎င်း၊ တပ်မတော်အရာရှိကိုယ်
စားလှယ်များထည်းမှ၎င်း၊ တတိယအင်အားစုပါတီများမှအမတ်များထည်းမှ ၄င်း၊
ဒီမိုကရေစီရေးနောက်ကြောင်းပြန်အောင်အားထုတ်နေသူဟူ၍ လွှတ်တော်ထည်းတွင်မတွေ
့ရသေး။ သူတို့ အထည်းတွင်ကိုဇာဂနာ၏
အနုပညာပရိဿတ်အများအပြားလည်းပါဝင်ကြမည်မှာသေချာသည်။
ကနေ့ လူတိုင်းသိနေကြသည်မှာအုပ်စိုးသူများဘက်ခြမ်းတွင်လက်ရှိထက်ပို၍
မလိုက်လျှောလိုတော့သော 'တင်းမာသူများ'နှင့် တိုင်းပြည်၏အာရုံကိုဗရမ်း
ဗတာနိုင်ငံရေးထက် နည်းလမ်းတကျနှင့်ပို၍တရားဝင်သောလွှတ်တော်တွင်း
နိုင်ငံရေးဘက်ကိုပို၍ အာရုံကျရောက်စေလိုသော'ပြော့ပြောင်းသူများ' အကြား
အားပြိုင်မှု ပို၍ပြင်းထန်လာစရာအကြောင်းရှိနေသည့်အချက်ဖြစ်သည်။
အကျဉ်းသားများလွှတ်ရေးနှောင့်နှေးနေခဲ့သည်မှာဤအားပြိုင်မှုကြောင့်ဖြစ်ပြီးမီဒီယာ၏ဆော်သြမှုမျှဖြင့်မလုံလောက်၍လွှတ်တော်ကိုယ်စားလှယ်များကပါ
လွှတ်တော်တွင်း၌ထပ်၍တောင်းဆိုခဲ့သဖြင့်ဇာဂနာတို
့တတွေအပြင်ရောက်လာခြင်းဖြစ်သည်။ ကျန်နေသူတွေဆက်ထွက်လာနိုင်ရေးကိုလည်းအထိ
ရောက်ဆုံးနေရာ ဖြစ်သောလွှတ်တော်ကပင်ဆက်လုပ်ရဦးမည်။
ထိုအချိန်တွင်လွှတ်တော်ကိုယ်စားလှယ်တွေကိုပြောင်လှောင်သရော်လိုက်
ခြင်းသည်လူအနေနှင့်ဆိုလျှင်ကျေးစွပ်ရာရောက်သလိုနိုင်ငံရေးအရဆိုလျှင်ဘက်မှား၍ကူညီရာမိပင်ရောက်နေသည်။ထို
့ကြောင့်ဤစကားတစ်ခွန်း အတွက်သူ့ အနေဖြင့် ပြန်၍တောင်းပန်သင့်သည်။
အထူးစီစဉ်စရာမလို၊ ကြုံရာပွဲတစ်ခုခုမှနေ၍လူသိရှင်ကြား 'I am sorry.'
လုပ်ရုံမျှဖြင့်ပြီးနိုင်သည်။
ဒီမိုကရေစီနိုင်ငံများတွင် 'ပရိဿပ်ရှိသူ' တိုင်းအမြဲသတိထားရသောအချက်
တစ်ခုရှိသည်။ ၄င်းမှာနိုင်ငံရေးအရမှန်ကန်မှု (political correctness) ဖြစ်
သည်။ ၄င်းသည်အချိန်နှင့်အမျှပြောင်းလဲနေသောအသေးစိတ်အခြေအနေ (changing
political contexts) အပေါ်မူတည်သည်။ ကိုယ်ယုံကြည်ရာဝါဒ (ideology)
နှင့်မြန်မာနိုင်ငံရေးလောကတွင်ခေတ်စားနေသောဘက်လိုက်ရပ် တည်မှု
(partisanship) အပါအ၀င်အခြားဘယ်အရာပေါ်တွင်မျှမူမတည်။
ဒီမိုကရေစီလွပ်လပ်ခွင့်များကိုအလွဲသုံးမှုတွေများလာလျှင်"အရူးထောင်ဖွင့်ပွဲ"
လို ဖြစ်သွားနိုင်ကြောင်းယခင်ဆောင်းပါးတစ်ပုဒ်၌ထောက်ပြခဲ့ဘူးသည်။
ဇာဂနာကဲ့သို့ ပြည်သူချစ်သောအနုပညာသည်နှင့်ထင်ရှားသောခေတ်စံနစ်
ဝေဘန်ရေးသမားတစ်ဦးပါဤစာရင်းထည်းပါနေလျှင်အတုယူသူများလာနိုင်သည်။
ထိုအခါစစ်တပ်၏ 'စည်းကမ်းရှိသောဒီမိုကရေစီ' ဆိုသည့်ဘောင်ခတ်
ရေးကအသာစီးရသွားနိုင်သည်။
မြန်မာသံတော်ဆင့်
2011/10/15 aungmyo tun <8layloneamt@gmail.com>
>
> မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ် ပေးဖို့ ရေးသားထားသည့် စာရွက်များ ဖြန့်ဝေခြင်း လှုပ်ရှားမှုများ ယမန်နေ့မှစ၍ ယနေ့ မနက်ပိုင်းအထိ နှစ်ရက်ဆက်တိုက် ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည်။
>
> နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသားခွင့်အမိန့်ဖြင့် အောက်တိုဘာလ (၁၂) ရက်၊ သီတင်းကျွတ်လပြည့်နေ့တွင် အကျဉ်းသား ၆ ထောင်ကျော် လွှတ်ပေးခဲ့သည်။ ထိုအကျဉ်းသားများထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်သာ ပါဝင်ခဲ့သည့်အပေါ် မကြေနပ်သည့် လူငယ်များက ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးအတွက် စာရွက်များ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
>
> နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည့် စာရွက်များ ရန်ကုန်မြို့တွင်း ဖြန့်ဝေနေခြင်းနှင့်ပတ်သတ်၍ စာရွက်ရခဲ့သည့် ရန်ကုန်မြို့ခံတဦးက " ဒီကနေ့မနက်ပိုင်းက တောင်ဒဂုံသွားတဲ့ ဘက်စ်ကားတွေနဲ့ သင်္ကန်းကျွန်းဘက်သွားတဲ့ ဘက်စ်ကားတွေပေါ်မှာ ဝေတယ်။ အများဆုံးဝေသွားတာတော့ အင်းယားဘက်မှာ။ နောက်ပြီးတော့ သိမ်းကြီးဈေးထဲမှာရော သိမ်းကြီးဈေးအရှေ့ ကားတွေပေါ်မှာပါ တက်ဝေတာ တွေ့ တယ်။ ဝေတဲ့စာရွက်ကတော့ အေးဖိုး(A4)ခေါက်ချိုးစာရွက်အရွယ်ပေါ့။ အဲဒီမှာ ကျန်ရှိနေတဲ့ အကျဉ်းသားနဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန်တောင်းဆိုသည်လို့ စာပါတယ်။ အောက်ကမှ ခွပ်ဒေါင်းငယ်ဆိုပြီး လက်မှတ်ထိုးထားတာ တွေ့တယ်" ဟုပြောသည်။
>
> အလားတူ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုသည့် စာရွက်များ ယမန်နေ့က နေ့လယ်ပိုင်းတွင် ရန်ကုန် သိမ်းကြီးဈေးတ၀ိုက် ဖြန့်ဝေလှုပ်ရှားမှုများလည်း ရှိခဲ့ကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။
>
> မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအပါအ၀င် အမေရိကန်နှင့် မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) တို့မှ တိုက်တွန်းတောင်းဆိုနေသည့် အချိန်နှင့်တပြေးညီ ယခုကဲ့သို့ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်းဆိုသည့် စာရွက်ဖြန့်ဝေလှုပ်ရှားမှုများ ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
>
> ( www.yoma3.org/ မှ ကူးယူဖော်ပြပါတယ် )
>
> --
> AMT
> 11-mingalar,sanchaung
> yangon
> 01510698, 092032925
--
han shin win
0 comments:
Post a Comment