Search This Blog

Now Loading......

Re: ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စာရေးသားဖြန့်ဝေလှုပ်ရှား

On 10/16/11, H.S Win <hsw2005@gmail.com> wrote:
> အားလုံးကိုဘဲပြောပြချင်ပ်ါတယ။်
> ကျွန်တော်နဲ့ကိုမြင့်ရွှေတို့ဟာ အလွန်ခင်သော်လည်း၊အယူအဆအားလုံးမှာ
> တထပ်တည်းတူခဲပါတယ်။မည်သို့ပင်ဖြစ်စေ၊ကိုမြင့်ရွှေနဲ့ပေါင်းလို့ဆိုတဲ့စွပ်စွဲချက်များကိုကျွန်တော်အမြဲပြုံးပြု့းဘဲရင်ဆိုင်ခဲ့
> ပါတယ်။
> ဒါပေမဲ့
> ဒီနေ့် ကိုဇာဂနာခေါ်ကိုသူရမအပေါ်
> ကိုမြင့်ရွှေထောက်ပြသွားတာကလေးကတော့၊ကျွန်တော်ကြားကြားခြင်းပြောချင်ခဲ့တဲု့စကားလေးပါ။
> သို့သော်ကျွန်တော်သူ့လိုနားဝင်အောင်ပြောတတ်မယ်မထင်ပါ။
> ဒီတော့ အပြတ်အသတ်ထောက်ခံတတ်တာတော့ ကျွန်တော်ဖြစ်ပါတယ်။
> ကျွန်တော်ကိုယ်တိုင်လွှတ်တော်ကိုဝင်ဘို့ အတန်တန် စဉ်းစားခဲ့သလောက်
> အကြိမ်ကြိမ်ငြင်းခဲ့တဲ့သူတစ်ဦးဆိုလဲမှန်ပါတယ်။
> ငြင်းရတဲ့အကြောင်းတွေအများကြီးထဲမှာ ကိုယ့်ကိုယ်ကို
> ဒီလောက်အရည်အချင်းရှိတယ်လို့မထငိသလို၊၀င်ကြတဲ့သူတွေကိုလဲ ကျွန်တော်အားမရသူပ်ါ။
> သို့သော် အိုင်ကျူ ၅၀ဆိုတဲ့ သရော်တဲ့စိတ်မျိုးမရှိသလို
> သူတို့ကျိုးပမ်းမှုတွေကိုအသိအမှတ်ပြုပါတယ်။
> ဗုဒ္ဒဘာသာဖြစ်လို့လားမသိဘူး၊စေတနာကိုမြင်သိနေပါတယ်။၂၀၀၈ ဖွဲ့စည်းပုံကို
> ခေါင်းလျှိုးဝင်သူတွေလို့အပြောမျိုးကျွန်တော်မပြောရက်ခဲ့ပါ။ ရွေ့တာမရွေ့တာ
> သေချာမသိပေမဲ့၊ယုံကြည်တဲ့နည်းနဲ့ အားစိုက်ထုတ်သူအဖြစ်တော့အသိအမှတ်ပြုပါတယ်။
> ကျွန်တော်ကိုသူရနဲ့လည်းလူချင်းခင်ပေမဲ့
> ဒီနေရာမှာကွဲလွဲံပါတယ်။ကွဲလွဲခဲ့တဲ့ကိုမြင့်ရွှေနဲ့လည်းဒီနေရာမှာ
> အမြင်တူပါတယ်ဆိုတဲ့အကြောင်းနဲ့
> ကိုသူရရေ I'm sorry လေးတော့ ၀န်မလေးသင့်ကြောင်းပါဗျာ
> ကိုဟန်ရှင်ဝင်း 0973016130
>
> 2011/10/15 Myint Shwe <myint.shwe@gmail.com>
>
>>ဲမြန်မာသံတော်ဆင့်
>>
>>
>> အောက်တိုဘာ ၁၅ ရက် ၂၀၁၁
>>
>> ပြည်သူချစ်သောအနုပညာသည်များ နှင့် နိုင်ငံရေးအရ မှန်ကန်မှု (Political
>> Correctness)
>>
>> စစ်အာဏာရှင်စံနစ်အောက်ကမြန်မာပြည်တွင်အောင်ဆန်းစုကြည်ပြီးလျှင်
>> ဒုတိယမြောက်တိုင်းပြည့်အသည်းစွဲပုဂ္ဂိုလ်သည်ယခင်အပါတ်ကထောင်က
>> လွတ်လာသူလူရွှင်တော်ဇာဂနာဖြစ်သည်။ အခြားနာမည်ကြီးတစ်ဦးဖြစ်သူ
>> မင်းကိုနိုင်မှာကျောင်းသားအသိုင်းအ၀ိုင်းတွင်သာပို လူကြိုက်များ၍တစ်ပြည်
>> လုံးအနေတွင်တတိယနေရာလောက်မှာသာရှိသည်။
>>
>> လူရွှင်တော်ဇာဂနာကိုတိုင်းပြည်ကအသဲစွဲကြခြင်းမှာသူတို
>>
>>့ ကိုယ်စားအာဏာရှင်စံနစ်ကြီးကိုရဲရဲတောက်တိုက်ယုံမကတိုက်စွမ်းရည်လည်းထက်မြက်သူဖြစ်
>> နေ၍ဖြစ်သည်။ခေတ်စံနစ်ကိုသရော်လှောင်ပြောင်သောသူ
>>
>>့ ပြက်လုံးများသည်နောင်ဆယ်စုနှစ်များစွာအထိလူတွေပါးစပ်ဖျားတွင်ပြောစမှတ်ပြုနေဦးမည်မှာ
>> သေချာသည်။
>>
>> ဇာဂနာသည်အလုပ်အားဖြင့်လူရွှင်တော်/ဖြော်ဖြေရေးသမား (Comedian/ public
>> entertainer) အသွင်ယူထားသော်လည်းသူ၏တကယ့်အနှစ်သာရမှာ နိုင်ငံရေးဝေဘန်သူ
>> (critics) ဖြစ်လေသည်။
>>
>> ယခုတစ်ကြိမ်သူထောင်ထည်းမှာကြာခဲ့သောအချိန်သည်ပထမအကြိမ်ထက်
>> အများကြီးပို၍တိုတောင်းသော်လည်းတိုင်းပြည်၏အရေးကြီးသောနိုင်ငံရေး
>> စခန်းဆင့်ပြောင်းလဲမှုတရပ်ဤကာလတွင်ဖြစ်ပေါ်ခဲ့သည်။ စင်စစ်ဤပြောင်း
>> လဲမှု၏အကျိုးဆက်ကြောင့်သူအပါအ၀င်နိုင်ငံရေးသမားများ၏ထောင်ကျ
>> ကာလယခင်အကြိမ်များထက်အများပို၍ကြီးတိုတောင်းသွားခြင်းဖြစ်သည်။
>>
>> သို့ သော် 'အပြောင်းအလဲ'နှင့်အတူ 'အုပ်စိုးရေးအဟောင်း'ကိုပါတွဲဖက်၍
>> (Continuity within the change) ကိုအခြေခံဥပဒေသစ်တွင်ထည့်သွင်း၍
>> အခိုင်အမာလုပ်ထားသည်။ ပြောရလျှင်မြန်မာစစ်အာဏာရှင်စံနစ်သည်
>> အပြီးသပ်နိဂုံးချုပ်ဘို့ အများကြီးလိုသေးသည်။ လူရွှင်တော်ဇာဂနာအတွက်
>> လည်းပြက်လုံးလုပ်စရာတွေအများကြီးကျန်သေးသည်။
>>
>> ပွင့်ပွင့်လင်းလင်းပြောကြစတမ်းဆိုလျှင်အခြေခံဥပဒေသစ်တွင်နိုင်ငံရေးအရ
>> မသတီစရာအချက်များပါနေသည်။ ထို့ ကြောင့်ပင်မူကြမ်းဘ၀မှာကန်
>>့ ကွက်သံတွေဆူညံနေခဲ့သည်။သို့ သော်တိုင်းပြည်ကဘာကြောင့်လက်ခံခဲ့သနည်း။
>>
>> ပထမအဖြေမှာ'ဘာထူးမှာလဲ၊ ငြင်းလို့ မှမရပဲ' ဟူ၍ဖြစ်သည်။ ဤအဖြေသည်
>> မှန်သင့်သလောက်မှန်သော်လည်းသာမန်အများသိ (commonsense) ဖြစ် သည်။
>> ပို၍အဓိကကျသောဒုတိယအဖြေကနိုင်ငံရေးအသိမှလာသည်။ ၄င်းမှာအခြေခံဥပဒေသစ်သည်
>> 'ဥပဒေ' ဖြစ်နေသောကြောင့်ဖြစ်သည်။
>>
>> 'ဥပဒေအထက်ရောက်နေသူတစ်စု' က 'အမိန့် ပေး၍အုပ်ချုပ်ခြင်း'ကိုခံနေရ
>> မည့်အစား အုပ်ချုပ်မည့်သူမည်သူဖြစ်စေ
>> အုပ်ချုပ်သူ-အုပ်ချုပ်ခံနှစ်ဦးစလုံးကို ဥပဒေတစ်ခုဖြင့်စည်းနှောင်၍
>> 'ဥပဒေအရအုပ်ချုပ်ခြင်း' (Rule of law) ဖြင့်
>> အစားထိုးလိုက်နိုင်ခြင်းသည်ကြီးမားသောတဆင့်တက်ခြင်းဖြစ်သည်။
>>
>> ဤအကြောင်းကြောင့်ပင်စစ်အစိုးရများကိုတလျှောက်လုံးဆန့် ကျင်လာခဲ့သူ၊
>> အခြေခံဥပဒေသစ်အတည်မဖြစ်ခင်အထိကန့် ကွက်ခဲ့သူဒေါ်အောင်ဆန်းစု
>> ကြည်သည်ပင်ထိုဥပဒေအတည်ဖြစ်ပြီးသွားချိန် (done deal) တွင်ပေါ်လာ
>> သောအခင်းအကျင်းသစ်၌သူမတလျှောက်လုံးတောင်းဆိုလာခဲ့သော 'ဥပဒေ
>> ဖြင့်အုပ်စိုးခြင်း'ကိုစတင်နိုင်ကောင်းသည်ဟုယူဆ၍ဦးသိန်းစိန်အစိုးရအား
>> ပူးပေါင်းဆောင်ရွက်မှုပေးကြည့်ရန်စဉ်းစားတာဖြစ်နိုင်သည်။
>>
>> သူမနည်းတူမြောက်များစွာသောတိုင်းရင်းသားများ၊ မြန်မာအာဏာရှင်စံနစ်
>> ကြီးစတင်မွေးဖွားချိန် ၁၉၆၂ လောက်ကမွေးခဲ့ကြ၍ယခုအသက် ၅၀ တန်း
>> ရောက်နေသောမျိုးဆက်များကလည်း လက်တွေ့ နိုင်ငံရေး (pragmatism)
>> အရလွှတ်တော်ထည်းရောက်အောင်သွားကြကာသူတို
>>
>>့ တစ်သက်တိုင်းပြည်၌မရှိဘူးသေးသောအရပ်သားနိုင်ငံရေးကိုလမ်းထွင်(pioneering)နေကြသည်။
>>
>> ဆရာဝန်၊ ရာဇ၀တ်မှုလိုက်ရှေ့ နေ၊ စာရေးဆရာ၊ နိုင်ငံရေးအကျဉ်းသားတဖြစ်
>> လဲအမတ်များသည်လွှတ်တော်ထည်းတွင်- သဘာဝကျစွာပင် - မေးခွန်းလား၊
>> အဆိုပြုချက်လားမကွဲပြားသောစကားမျိုးဖြင့်ထမေးသူရှိသလို၊ရပ်ကွက်ထဲက
>> ကိစ္စလောက်ကိုလွှတ်တော်ထည်းယူလာမိသူတွေလည်းပါသည်။ သူတို့ မေး
>> သောကိစ္စများကိုပြန်ဖြေသူစစ်ဗိုလ်လူထွက်ဝန်ကြီးများကမေးခွန်းနှင့်မဆိုင်
>> သောကိုယ်ရည်သွေးစကားများပြောကာမထေမဲ့မြင်ပြုတာကိုခံနေကြရသည်။
>>
>> သူတို့ သည်တော်လို့ တတ်လို့ ထက်သမိုင်းကပေးသောတာဝန်ကိုသိလို့ 
>> ၀င်လုပ်နေကြသူတွေကများသည်။ ဒီမိုကရေစီကိုတောင်းယူ၊ တိုက်ယူလို့ 
>> မဖြစ်နိုင်သောတိုင်းပြည်တွင်ကိုယ်တိုင်တည်ဆောက်ယူ(လုပ်ယူ)နေကြခြင်း
>> ဖြစ်သည်။ စစ်အာဏာပိုင်များထံတွင်ဒီမိုကရေစီအသင့်ရှိနေပြီးသားမဟုတ်။
>>
>> ဤလွှတ်တော်ကိုယ်စားလှယ်များကို အိုင်ကျူ ၅၀ ပဲရှိသူများဟုသရော်လိုက်
>> သောလူရွှင်တော်ဇာဂနာသည် သူကိုယ်တိုင်ကနိုင်ငံရေးပြဿနာများကို ဦး
>> နှောက်ချောက်ခံ၍စဉ်းစားခြင်း (brainstorming) လုပ်လေ့ရှိဟန်မတူဘဲ
>> ပြက်လုံးထုတ်စရာကုန်ကြမ်းများလောက်သာသဘောထားပုံရသည်။
>>
>> သူ့ ပြက်လုံးအရသူသည်လွှတ်တော်ကိုယ်စားလှယ်များကိုအထင်မကြီးသည်မှာထင်ရှားသည်။
>> ဇာဂနာနည်းတူလွှတ်တော်ကိုယ်စားလှယ်များကိုအထင်မ
>> ကြီးနိုင်သူအခြားလူတစ်ဦးမှာအမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီး
>> ဗိုလ်ချုပ် ဟောင်းဦးဇော်မင်းဖြစ်သည်။ နိုင်ငံရေးအရ 'ဘက်'
>> တစ်ဖက်စီဖြစ်နေကြသော် လည်းမြင်ပုံချင်းတူနေကြသည်မှာဆန်းသည်။
>>
>> သူ
>>့ ပြက်လုံးသည်လွှတ်တော်ကိုယ်စားလှယ်တစုံတစ်ယောက်၏နိုင်ငံရေးလုပ်ရပ်တစ်ခုခုကိုသရော်ခြင်းမဟုတ်။
>> လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန် ထမ်းဆောင်နေသူအားလုံးကိုသိမ်းကျုံး၍ 'လူ'
>> ကိုပုတ်ခတ်ခြင်းဖြစ်သည်။
>>
>>
>> လွှတ်တော်ကိုယ်စားလှယ်အများစုသည်ကြံခိုင်ရေးပါတီဝင်များဖြစ်ကြသည်ဆိုစေဦးအသားလွတ်လှောင်ပြောင်သရော်ရန်အကြောင်းမရှိ။
>> အနောက်ဒီမို ကရေစီရင့်ကျက်နိုင်ငံများတွင်လူသိထင်ရှားလိင်တူဆက်ဆံအကျင့်ရှိသူ
>> ပါလီမန်အမတ်များနှင့်ထိပ်တန်းရောက်ဘာသာရေးခေါင်းဆောင်များ၊ တရားဝင်
>>
>> ခွင့်ပြုလက်မှတ်ရအပ်ကိုင်မူးယစ်ဆေးဝါးသုံးစွဲနေသူများ၊အလုပ်မလုပ်ဘဲအစိုးရထောက်ပံ့ကြေး
>> (welfare) ထိုင်စားနေသူများကိုပင်ဥပဒေကလူတိုင်းနှင့်
>> တန်းတူထားပေး၍တလေးတစားဆက်ဆံစေသည်။
>>
>> မြန်မာပြည်တွင်ကြံ့ခိုင်ရေးအမတ်များထည်းမှ၎င်း၊ တပ်မတော်အရာရှိကိုယ်
>> စားလှယ်များထည်းမှ၎င်း၊ တတိယအင်အားစုပါတီများမှအမတ်များထည်းမှ ၄င်း၊
>> ဒီမိုကရေစီရေးနောက်ကြောင်းပြန်အောင်အားထုတ်နေသူဟူ၍ လွှတ်တော်ထည်းတွင်မတွေ
>>့ ရသေး။ သူတို့ အထည်းတွင်ကိုဇာဂနာ၏
>> အနုပညာပရိဿတ်အများအပြားလည်းပါဝင်ကြမည်မှာသေချာသည်။
>>
>> ကနေ့ လူတိုင်းသိနေကြသည်မှာအုပ်စိုးသူများဘက်ခြမ်းတွင်လက်ရှိထက်ပို၍
>> မလိုက်လျှောလိုတော့သော 'တင်းမာသူများ'နှင့် တိုင်းပြည်၏အာရုံကိုဗရမ်း
>> ဗတာနိုင်ငံရေးထက် နည်းလမ်းတကျနှင့်ပို၍တရားဝင်သောလွှတ်တော်တွင်း
>> နိုင်ငံရေးဘက်ကိုပို၍ အာရုံကျရောက်စေလိုသော'ပြော့ပြောင်းသူများ' အကြား
>> အားပြိုင်မှု ပို၍ပြင်းထန်လာစရာအကြောင်းရှိနေသည့်အချက်ဖြစ်သည်။
>>
>>
>> အကျဉ်းသားများလွှတ်ရေးနှောင့်နှေးနေခဲ့သည်မှာဤအားပြိုင်မှုကြောင့်ဖြစ်ပြီးမီဒီယာ၏ဆော်သြမှုမျှဖြင့်မလုံလောက်၍လွှတ်တော်ကိုယ်စားလှယ်များကပါ
>> လွှတ်တော်တွင်း၌ထပ်၍တောင်းဆိုခဲ့သဖြင့်ဇာဂနာတို
>>့ တတွေအပြင်ရောက်လာခြင်းဖြစ်သည်။ ကျန်နေသူတွေဆက်ထွက်လာနိုင်ရေးကိုလည်းအထိ
>> ရောက်ဆုံးနေရာ ဖြစ်သောလွှတ်တော်ကပင်ဆက်လုပ်ရဦးမည်။
>>
>> ထိုအချိန်တွင်လွှတ်တော်ကိုယ်စားလှယ်တွေကိုပြောင်လှောင်သရော်လိုက်
>>
>> ခြင်းသည်လူအနေနှင့်ဆိုလျှင်ကျေးစွပ်ရာရောက်သလိုနိုင်ငံရေးအရဆိုလျှင်ဘက်မှား၍ကူညီရာမိပင်ရောက်နေသည်။ထို
>>့ ကြောင့်ဤစကားတစ်ခွန်း အတွက်သူ့ အနေဖြင့် ပြန်၍တောင်းပန်သင့်သည်။
>> အထူးစီစဉ်စရာမလို၊ ကြုံရာပွဲတစ်ခုခုမှနေ၍လူသိရှင်ကြား 'I am sorry.'
>> လုပ်ရုံမျှဖြင့်ပြီးနိုင်သည်။
>>
>> ဒီမိုကရေစီနိုင်ငံများတွင် 'ပရိဿပ်ရှိသူ' တိုင်းအမြဲသတိထားရသောအချက်
>> တစ်ခုရှိသည်။ ၄င်းမှာနိုင်ငံရေးအရမှန်ကန်မှု (political correctness) ဖြစ်
>> သည်။ ၄င်းသည်အချိန်နှင့်အမျှပြောင်းလဲနေသောအသေးစိတ်အခြေအနေ (changing
>> political contexts) အပေါ်မူတည်သည်။ ကိုယ်ယုံကြည်ရာဝါဒ (ideology)
>> နှင့်မြန်မာနိုင်ငံရေးလောကတွင်ခေတ်စားနေသောဘက်လိုက်ရပ် တည်မှု
>> (partisanship) အပါအ၀င်အခြားဘယ်အရာပေါ်တွင်မျှမူမတည်။
>>
>> ဒီမိုကရေစီလွပ်လပ်ခွင့်များကိုအလွဲသုံးမှုတွေများလာလျှင်"အရူးထောင်ဖွင့်ပွဲ"
>> လို ဖြစ်သွားနိုင်ကြောင်းယခင်ဆောင်းပါးတစ်ပုဒ်၌ထောက်ပြခဲ့ဘူးသည်။
>> ဇာဂနာကဲ့သို့ ပြည်သူချစ်သောအနုပညာသည်နှင့်ထင်ရှားသောခေတ်စံနစ်
>> ဝေဘန်ရေးသမားတစ်ဦးပါဤစာရင်းထည်းပါနေလျှင်အတုယူသူများလာနိုင်သည်။
>> ထိုအခါစစ်တပ်၏ 'စည်းကမ်းရှိသောဒီမိုကရေစီ' ဆိုသည့်ဘောင်ခတ်
>> ရေးကအသာစီးရသွားနိုင်သည်။
>>
>> မြန်မာသံတော်ဆင့်
>>
>>
>>
>>
>>
>>
>>
>>
>>
>> 2011/10/15 aungmyo tun <8layloneamt@gmail.com>
>> >
>> > မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့်
>> နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ် ပေးဖို့ ရေးသားထားသည့် စာရွက်များ
>> ဖြန့်ဝေခြင်း လှုပ်ရှားမှုများ ယမန်နေ့မှစ၍ ယနေ့ မနက်ပိုင်းအထိ နှစ်ရက်ဆက်တိုက်
>> ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည်။
>> >
>> > နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသားခွင့်အမိန့်ဖြင့်
>> အောက်တိုဘာလ (၁၂) ရက်၊ သီတင်းကျွတ်လပြည့်နေ့တွင် အကျဉ်းသား ၆ ထောင်ကျော်
>> လွှတ်ပေးခဲ့သည်။ ထိုအကျဉ်းသားများထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်သာ
>> ပါဝင်ခဲ့သည့်အပေါ် မကြေနပ်သည့် လူငယ်များက ကျန်ရှိနေသေးသော
>> နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးအတွက် စာရွက်များ
>> ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
>> >
>> > နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည့် စာရွက်များ
>> ရန်ကုန်မြို့တွင်း ဖြန့်ဝေနေခြင်းနှင့်ပတ်သတ်၍ စာရွက်ရခဲ့သည့်
>> ရန်ကုန်မြို့ခံတဦးက " ဒီကနေ့မနက်ပိုင်းက တောင်ဒဂုံသွားတဲ့ ဘက်စ်ကားတွေနဲ့
>> သင်္ကန်းကျွန်းဘက်သွားတဲ့ ဘက်စ်ကားတွေပေါ်မှာ ဝေတယ်။ အများဆုံးဝေသွားတာတော့
>> အင်းယားဘက်မှာ။ နောက်ပြီးတော့ သိမ်းကြီးဈေးထဲမှာရော သိမ်းကြီးဈေးအရှေ့
>> ကားတွေပေါ်မှာပါ တက်ဝေတာ တွေ့ တယ်။ ဝေတဲ့စာရွက်ကတော့
>> အေးဖိုး(A4)ခေါက်ချိုးစာရွက်အရွယ်ပေါ့။ အဲဒီမှာ ကျန်ရှိနေတဲ့ အကျဉ်းသားနဲ့
>> နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန်တောင်းဆိုသည်လို့ စာပါတယ်။
>> အောက်ကမှ ခွပ်ဒေါင်းငယ်ဆိုပြီး လက်မှတ်ထိုးထားတာ တွေ့တယ်" ဟုပြောသည်။
>> >
>> > အလားတူ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုသည့်
>> စာရွက်များ ယမန်နေ့က နေ့လယ်ပိုင်းတွင် ရန်ကုန် သိမ်းကြီးဈေးတ၀ိုက်
>> ဖြန့်ဝေလှုပ်ရှားမှုများလည်း ရှိခဲ့ကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။
>> >
>> > မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသား
>> ၂၀၀၀ ခန့်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအပါအ၀င် အမေရိကန်နှင့် မြန်မာ့အရေး
>> ဆောင်ရွက်နေသည့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) တို့မှ
>> တိုက်တွန်းတောင်းဆိုနေသည့် အချိန်နှင့်တပြေးညီ ယခုကဲ့သို့ ကျန်ရှိနေသေးသည့်
>> နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်းဆိုသည့်
>> စာရွက်ဖြန့်ဝေလှုပ်ရှားမှုများ ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
>> >
>> > ( www.yoma3.org/ မှ ကူးယူဖော်ပြပါတယ် )
>> >
>> > --
>> > AMT
>> > 11-mingalar,sanchaung
>> > yangon
>> > 01510698, 092032925
>>
>
>
>
> --
> han shin win
>
ကိုအောင်မျိုးထွန်း(အာနိုး)
ငါတော့ တော်သေးတာပေါ့လို့ပြောချင်တယ်။ သီတင်းကျွှတ်တုံးက
လမ်းထဲမှာထိုးတဲ့ စင်ပေါ်မှာ
အချောက်တွေပဲတွေ့ ရတယ်။ အဲဒီချိန်မှာ ထောင်က လွတ်ပေးလိုက်တာက အများမျော်လင့်ထားသလို
မဟုတ်ဘူး။ မြန်မာ ရုပ်ရှင်ရော ဗီဒီယိုမှာပါ အချောက် မပါရင် မပြီးဘူး၊
ပြတ်ပြတ်သားသားရဲရဲဝင့်ဝင့်
လွတ်တယ်ကွာ အားလုံးကိုလွတ်တယ် ဆိုပြီး ဖြစ်မယ့် အစိုးရလို့ထင်ထားတာ
ခုတော့ စီပွားရေးသမားလိုလို
ထောင်လွတ်တာကိုတောင် အမြတ်ထုတ်နေသေးတယ်။ အချောက်တွေက တီဗွီ ဖန်သားပေါ်မှာ တော်
တော်နေရာယူနေပြီ။
လွတ်ပေးတဲ့ ထဲမှာ ဇာဂနာလို ရဲရဲတောက်
အတိုက်ခံကောင်းပါလားလို့ ၀မ်းမြောက်မိတယ်။
--
I pray for you. please pray for me.
peter l ure

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN