Search This Blog

Now Loading......

စားသောက်ဆိုင်နှင့်ပတ်သက်သောအခွင့်အရေး

ကျွန်တော် ကတော့ မြ၀တီမြို့ကပါ ကျွန်တော်သိချင်တာကတော့ ရဲအရေးပိုင်ကိတ်စပါ
  ကျွန်တော့ဆိုင်ကတော့ ညပိုင်းမှရောင်းကောင်းလေ့ရှိပါတယ် လူတန်းစားပေါင်းစုံ ၀င်ထွက်စားသောက်နိုင်ပါတယ်။ ဥပဒေဘောင်ထဲကပဲနေပါတယ် အရက်တောင်မရောင်းပါဘူး အဲဒီလိုကောင်းရောင်းကောင်းဝယ်လုပ်စားတာကိုကဒီမြို့မှာအားနည်းချက်တစ်ခုဖြစ်စေပါတယ်။ ပြောချင်တာကတော့ရဲတို့ဆိုင်ရာပိုင်ရာတို့ကိုလိုင်းကြေးပေးမထားပါဘူး။လိုင်းကြေးပေးရလောက်အောင်လည်းဘာတစ်ခုမှဥပဒေနဲ့မလွတ်ကင်းတာမရှိပါဘူး။
အဲဒါကိုကြည့်မရလို့ ထင်ပါတယ် ဒီနေ့ပဲ ရဲတွေ နဲ့ CID လို့ပြောတဲ့လူတစ်စု without ကားတစ်စီးနဲ့ရောက်လာပြီး ဆိုင်ထဲမှာစားသောက်နေကြတဲ့လူတွေကို ဖမ်းသွားကြပါတယ် ကျွန်တော့တစ်ခြံလုံးကိုလည်း မွှေနှောက်ရှာဖွေသွားကြပါတယ်။ ဖမ်းဝရမ်းလည်းမပါပါဘူး။ မေးကြည့်တော့ရဲအရေးပိုင်ဆိုရင်လုပ်ချင်သလိုလုပ်လို့ရတယ်လို့ပြောပါတယ်။ ကျွန်တော့ကိုလည်းဖမ်းမယ်ဆီးမယ်ဆိုပြီးချိမ်းခြောက်ပါတယ်။ အဲသည်လိုလုပ်လို့ရပါသလား။ အခုဆိုရင်ကျွန်တော်တို့ဆိုင်လည်းနာမည်ပျက်ပါတယ် မိသားစုလည်းစိတ်ဒုက်ခရောက်ကြရပါတယ်။ နောက်ပြီးတော့ တစ်မြို့လုံးမှာဒီတစ်ဆိုင်ပဲလားဖမ်းသွားတာပါ။ လိုင်းကြေးပေးထားတဲ့ဆိုင် အခုခေတ်စကားနဲ့ဆိုရင် ပိုင်ပါတယ်ဆိုတဲ့ဆိုင်တွေကိုတော့     ဖမ်းဆီးသွားချင်း ၀င်ရောက်ရှာဖွေသွားချင်းလုံးဝ မရှိတာကိုတွေ့ရပါတယ်။ မြ၀တီမြို့မှာ ဆိုင်ရာပိုင်ရာကို ငွေပေး (လိုင်းကြေး) ပေး ပြီး မကောင်းတာလုပ်စားနေကြတဲ့ဆိုင်တွေ ရာ နဲ့ချီပြီးရှိနေပါတယ်။ ကျွန်တော်တို့လို့ ကောင်းရောင်းကောင်းဝယ်လုပ်စားနေသူများအတွက် မည်သို့သော လူ့အခွင့်အရေးများနဲ့ ကာကွယ်နိုင်ပါသလဲ သိချင်ပါတယ်။ ဆိုင်ထဲမှာစားသောက်နေသူများ ကိုဖမ်းဆီးသွား ရာမှာ မှားယွင်းဖမ်းဆီခံ ရသူများအနေဖြင့် ၄င်းတို့ဂုဏ်သိက်ခါအတွက် မည်သို့သော်တုံ့ပြန်မှုမျိုးကိုပြုလုပ်နိုင်ပါသလဲ။ ကျွန်တော့ဆိုင်ကိုဝင်ရောက်ရှာဖွေစဉ်ကရဲတစ်ဦးနှင့်စကားများရာတွင် ၄င်းရဲက မင်းတို့ကိုငါတို့လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတာ မည်ကဲ့သို့သောချိမ်းခြောက်မှုဖြစ်ပါ သလဲ။ ရဲအရေးပိုင်ဆိုပြီး မိမိတို့အိမ်ထဲကိုဝင်ချင်သလိုဝင်ရှာချင်သလိုရှာပိုင်ခွင့်ရှိပါသလား။  မြန်မာနိုင်ငံသားအများစုမှာမျက်စိပိတ်နားပိတ် ခံထားရချင်းမှာနှစ်ကာလအတော်ကြာမြင့် ခဲ့ပါသဖြင့် မိမိကဲ့သို့သော လိုင်းကြေးမပေး သဖြင့် ရဲ နှင့် ဆိုင်ရာပိုင်ရာမှ ဒုက်ခပေးခြင်းမခံရစေရန် မည်ကဲ့သို့သော လူ့အခွင့်အရေးများနှင့်တုန့်ပြန်ကာကွယ်နိုင်ပါကြောင်း အများသိနိုင်ပါရန် တင်ပြအကူညီတောင်းခံအပ်ပါသည်။

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN