Search This Blog

Now Loading......

ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စာရေးသားဖြန့်ဝေလှုပ်ရှား

မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ် ပေးဖို့ ရေးသားထားသည့် စာရွက်များ ဖြန့်ဝေခြင်း လှုပ်ရှားမှုများ ယမန်နေ့မှစ၍ ယနေ့ မနက်ပိုင်းအထိ နှစ်ရက်ဆက်တိုက် ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသားခွင့်အမိန့်ဖြင့် အောက်တိုဘာလ (၁၂) ရက်၊ သီတင်းကျွတ်လပြည့်နေ့တွင် အကျဉ်းသား ၆ ထောင်ကျော် လွှတ်ပေးခဲ့သည်။ ထိုအကျဉ်းသားများထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်သာ ပါဝင်ခဲ့သည့်အပေါ် မကြေနပ်သည့် လူငယ်များက ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးအတွက် စာရွက်များ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည့် စာရွက်များ ရန်ကုန်မြို့တွင်း ဖြန့်ဝေနေခြင်းနှင့်ပတ်သတ်၍ စာရွက်ရခဲ့သည့် ရန်ကုန်မြို့ခံတဦးက " ဒီကနေ့မနက်ပိုင်းက တောင်ဒဂုံသွားတဲ့ ဘက်စ်ကားတွေနဲ့ သင်္ကန်းကျွန်းဘက်သွားတဲ့ ဘက်စ်ကားတွေပေါ်မှာ ဝေတယ်။ အများဆုံးဝေသွားတာတော့ အင်းယားဘက်မှာ။ နောက်ပြီးတော့ သိမ်းကြီးဈေးထဲမှာရော သိမ်းကြီးဈေးအရှေ့ ကားတွေပေါ်မှာပါ တက်ဝေတာ တွေ့ တယ်။ ဝေတဲ့စာရွက်ကတော့ အေးဖိုး(A4)ခေါက်ချိုးစာရွက်အရွယ်ပေါ့။ အဲဒီမှာ ကျန်ရှိနေတဲ့ အကျဉ်းသားနဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန်တောင်းဆိုသည်လို့ စာပါတယ်။ အောက်ကမှ ခွပ်ဒေါင်းငယ်ဆိုပြီး လက်မှတ်ထိုးထားတာ တွေ့တယ်" ဟုပြောသည်။

အလားတူ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုသည့် စာရွက်များ ယမန်နေ့က နေ့လယ်ပိုင်းတွင် ရန်ကုန် သိမ်းကြီးဈေးတ၀ိုက် ဖြန့်ဝေလှုပ်ရှားမှုများလည်း ရှိခဲ့ကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအပါအ၀င် အမေရိကန်နှင့် မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) တို့မှ တိုက်တွန်းတောင်းဆိုနေသည့် အချိန်နှင့်တပြေးညီ ယခုကဲ့သို့ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်းဆိုသည့် စာရွက်ဖြန့်ဝေလှုပ်ရှားမှုများ ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


( www.yoma3.org/  မှ ကူးယူဖော်ပြပါတယ် )

--
            AMT
11-mingalar,sanchaung
          yangon
 01510698, 092032925

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN