Search This Blog

Now Loading......

[Knowledge & Wisdom Talks(သုတပညာလေထန်ကုန်း)] သို့

0 comments
သို့ ဗဟိုကော်မီတီ(ဋ္ဌါနချုပ်)...
Khu Daun 5:31am Jan 9
သို့

ဗဟိုကော်မီတီ(ဋ္ဌါနချုပ်)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)

မှ
ကိုကိုဦး(မကဒတအဖွဲ့ဝင်ဟောင်း)၏အကြံပေးစာ

ကျနော် မကဒတ(ABSDF)ထုတ်ပြန်ကြေငြာချက်ကိုဖတ်လိုက်ရတော့အတော်ကိုအံ့သြသွား ရပါတယ်၊ အားမနာတမ်းပြောရမယ်ဆိုရင်မျှော်လင့်ထားတာနဲ့တခြားစီဖြစ်နေလို့ပါပဲ၊အဲဒီက အချက်တွေကို ထောင့်ပြီးပြောရမယ်ဆိုရင် ထုတ်ပြန်ကြေငြာချက်တွင်ပါရှိသည့်အပိုဒ်(၃)ကို ကျနော်အနေနဲ့လုံးဝသဘောမကျခဲ့ပါ၊ ၄င်းတွင်ပါဝင်သည့်

"မကဒတ(ကျောင်းသာတပ်မတော်)မှအရေးယူဆောင်ရွက်ခဲ့သောသူလျှိုဖေါ်ထုတ်မှုနဲ့ပတ်
သက်ပြီး"ဟုညွန်းဆိုထားခြင်းသည် မကဒတအလုပ်အဖွဲ့မှအဖြစ်မှန်ဖေါ်ထုတ်ရေးကိုမလုပ်ခင်
ကတည်းကပင် ကြိုတင်ညွန်းဆိုချက်ချပြီးသားသလိုမျိုးခံစားမိပါသည်၊

အသတ်ခံရသူတွေအထဲမှာသူလျှိုတွေပါနေပြီဆိုတဲ့အမြင်ကို စုံစမ်းစစ်ဆေးရေးမလုပ်ခင်ကပင် ရှိနေခဲ့ပါက ဘယ်လိုသောစစ်ဆေးဖေါ်ထုတ်မှုကိုလုပ်လင့်ကစား မျှမျှတတဖြစ်လာဖို့အခက်အ
ခဲတွေအများကြီးရှိလာနိုင်ပါတယ်၊

တကယ်ဆိုလျှင်ပြုလုပ်သူနဲ့ပြုလုပ်ခံရသူနှစ်ဦးအကြား တရားသူကြီးသဘွယ် တရားမျှတမှုရှိ အောင်ဆောင်ရွက်ပေးရမည့် မကဒတအနေ့နဲ့ ဦးစွာပထမ သံသယကင်းကင်းထားရှိပြီးမှ စစ်ဆေးတွေ့ရှိချက်အပေါ်မျှမျှတတအဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်၊

ဒါကလည်း အဖွဲ့အစည်းကချမှတ်မည့်ဆုံးဖြတ်ချက်မျှသာဖြစ်ပြီး ဥပဒေစံနှုန်းအရဖြစ်ဖို့တော့ အလားအလာအလွန်နည်းနေဦးမှာပင်ဖြစ်သည်၊

အပိုဒ်(၃)(က)မှာ "မကဒတ၏သမိုင်းရေးဆိုင်ရာကိစ္စဖြစ်သည်"ဟုဆိုထားခြင်းကိုလည်း ကျနော်အနေနဲ့ဤအယူအဆကိုသိပ်သဘောမတွေ့ပါ၊ အမှန်တကယ်ဆိုရလျှင် ယခုကိစ္စသည်

မကဒတ၏အဖွဲ့တွင်းရေးရာဆိုင်ရာကိစ္စဖြစ်သည့်အပြင် ကျောင်းသားလှုပ်ရှားမှုဆိုင်ရာသမိုင်း

တစ်ခုလုံးထဲမှာပင်အကျူံးဝင်လျှက်ရှိနေပါသည်၊

အပိုဒ်(၃)(ခ)မှာ"ရန်သူစစ်အာဏာရှင်တို့၏စနစ်တကျသပ်လျှိုဖြိုခွဲမှုဖြစ်သည်"ဆိုရာ၌အဓိပ္ပါယ်

နှစ်ခွထွက်နေသကဲ့သို့ခံစားမိပါသည်၊

ရန်သူသူလျှိုဆိုတာဘယ်သူ့ကိုရည်ညွန်းတာလည်းသိပ်မရှင်းပါ။ အသတ်ခံရသူတွေဟာ သူလျှိုဖြစ်နေတာလား၊သတ်တဲ့သူတွေကပဲသူလျှိုဖြစ်နေတာလား၊မရှင်းမရှင်းဖြစ်နေရပါတယ်၊

တကယ်လို့အသတ်ခံရသူတွေဟာသူလျှိုတွေဖြစ်တယ်၊ သူလျိုတွေပါနိုင်တယ်ဆိုရင် ကိုမျိုးဝင်း၊ကိုသံချောင်း၊ရော်နယ်အောင်နိုင်တို့ကျူးလွန်ခဲ့သော မဆင်မချင်ဗိုလ်ကျမှုကို ထောက်ခံပေးလိုက်သည့်သဘော သက်ရောက်သွားနိုင်ပါသည်၊

သေဒဏ်အမိန့်ကို လွယ်လင့်တကူချမှတ်ပြီး သတ်ဖြတ်မှုမှာတာဝန်ရှိသူတွေကိုရန်သူသူလျိုလို့ ဆိုရင်တော့ ကိုမျိုးဝင်း၊ ကိုသံချောင်း၊ရော်နယ်အောင်နိုင်တို့က သူလျှိုဖြစ်နိုင်သည်ဟု နားလည်သွားနိုင်ပါသည်၊

ဒါကြောင့်မကဒတလက်ရှိဗဟိုအနေနဲ့ချထားသောအခြေခံသဘောတရားသည်ပြည့်စုံလုံ
လောက်ခြင်း၊ ရှင်းလင်းပြတ်သားခြင်းမရှိဘူးဆိုတာကိုတွေ့ရှိနေရပါသည်၊

အပိုဒ်(၄)အရ"အထက်ပါအခြေခံသဘောတရားကိုကိုင်ဆွဲ၍ဖြစ်ရပ်မှန်ဖေါ်ထုတ်နိုင်ရေး"ကို
အလုပ်အဖွဲ့မှဆောင်ရွက်သွားမည်ဟုဆိုထားသည့်အတွက်အပိုဒ်(၃)(ခ)ကိုအကျယ်တ၀င့်ရှင်း
လင်းရန်လိုနေပါသည်၊

မိမိအနေဖြင့် မကဒတမြောက်ပိုင်းကိစ္စသည် မကဒတ၏သမိုင်းရေးရာသာမက ကျောင်းသား
လှုပ်ရှားမှုသမိုင်းနဲ့အကျုံးဝင်နေသည့်အတွက် မကဒတ၏အလုပ်အဖွဲ့တစ်ခုဖြစ်သာဆောင်
ရွက်မည်ဆိုပါက ပြီးပြည့်စုံအောင်ဆောင်ရွက်နိုင်မည်မဟုတ်သည့်အပြင် ဘက်စုံပေါင်းစုံ
ဆောင်ရွက်ပေးနိုင်မည်ဟုမယူဆပါ၊သို့ဖြစ်ပါ၍လက်ရှိမကဒတဗဟိုအနေဖြင့်ပိုမိုရှင်းလင်းပြတ်
သားသည့်အခြေခံမူကိုချမှတ်ပြီး ဘက်မလိုက်ပဲမျှမျှတတဆောင်ရွက်သွားနိုင်ဖို့အလွန်အရေး
ကြီးနေပါသည်။အကယ်၍လက်ရှိမကဒတဗဟိုအနေဖြင့်တဖက်ဖက်ကိုမယိမ်းမယိုင်ပဲ ဆောင်ရွက်ခဲ့နိုင်သောအနေအထားကိုမရရှိခဲ့လျှင် ပိုမိုရှုပ်ထွေးသောနောက်ထပ်အကျိုးဆက်
များကိုလည်းရလာနိုင်သောအနေအထားတွင်ရှိနေပါသည်။သို့ဖြစ်၍မကဒတ၏အလုပ်အဖွဲ့ဝင်
များသာမက မှန်မှန်ကန်ကန်ဆောင်ရွက်လိုစိတ်ရှိသောသူများကိုပါထည့်သွင်းပြီး ပိုမိုကျယ်ပြန့်
သော အမှုမှန်ဖေါ်ထုတ်ရေးကော်မရှင်ကိုဖွဲ့စည်းဆောင်ရွက်သင့်သည့်ထင်မြင်မိပါသည်၊

လေးစားစွာဖြင့်
==================================================

ရန်သူ့သူလျှို ဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် သဘောထားထုတ်ပြန်ချက်
++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့သော မကဒတ (ကျောင်းသား တပ်မတော်) သည် "ရဟန်း၊ ပြည်သူ၊ ကျောင်းသား၊ လူတန်းစားပေါင်းစုံ၊ တိုင်းရင်း သားပေါင်းစုံ" ဖြင့် ဖွဲ့ စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ ပြင်

• အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေး

• ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး

• ပြည်တွင်းငြိမ်းချမ်းရေး နှင့်

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဟူသော ဦးတည်ချက် (၄) ရပ်ကို အခိုင်အမာကိုင်စွဲရင်း စစ်အာဏာရှင် စနစ်အား ပြတ်သားစွာတိုက်ပွဲဝင်လာခဲ့သော အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

၂။ တိုက်ပွဲဝင်ခဲ့သည့် ၂၃ နှစ်ကျော်ကာလအတွင်း အဖွဲ့ အစည်းပြိုကွဲပျက်စီးရန်နှင့် အဖွဲ့ အစည်းတွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားရန်အတွက် စစ်အာဏာရှင်များဖက်က ဘက်ပေါင်းစုံမှ သပ်လျှိုဖြိုခွဲမှုများကိုလည်း ကြုံတွေ့ 

ဖြတ်သန်း ခဲ့ရသည်။ တပြိုင်နက်တည်းတွင် ၎င်းကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့ အကြုံအရ အားနည်းမှုများ၊ နိုင်ငံရေး မရင့်ကျက်မှုများ ရှိခဲ့ပါသည်။

၃။ ထို့ ကြောင့် မကဒတ(ကျောင်းသားတပ်မတော်)မှ အရေးယူဆောင်ရွက်ခဲ့သော ရန်သူ့ သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် အဋ္ဌမအကြိမ်ညီလာခံသက်တမ်းအတွင်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့  ဗဟိုကော်မတီစုံညီအစည်းအဝေးတွင် အောက်ပါသဘောထားကို ချမှတ်ထားပြီးဖြစ်သည်။

(က) မကဒတ ၏ သမိုင်းရေးဆိုင်ရာ ကိစ္စဖြစ်သည်။

(ခ) ရန်သူစစ်အာဏာရှင်၏ စနစ်တကျ သပ်လျှို ဖြိုခွဲမှုဖြစ်သည်။

(ဂ) အချိန်ကာလတခုရောက်လျှင် သက်ဆိုင်သူများအားလုံး ပူးတွဲညှိနှိုင်းဖြေရှင်းရန်နှင့် ရရှိလာသော ရလာဒ် အပေါ် မကဒတ(ကျောင်းသားတပ်မတော်)မှ တာဝန်ခံသွားမည်ဖြစ်သည်။

၎။ သို့သော် လက်ရှိကာလ ဖြစ်ပေါ်လျှက်ရှိသော အခြေအနေအရပ်ရပ်အရ အထက်ပါ အခြေခံသဘောထားကို ကိုင်စွဲ ၍ ဖြစ်ရပ်မှန်ဖော်ထုတ်နိုင်ရေးအတွက် အလုပ်အဖွဲ့ တစ်ခုအား ဖွဲ့ စည်းတာဝန်ပေးအပ်သွားမည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီး သီးတို့ မှလည်း ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် ရဲဘော်ရဲမေ အပေါင်း အား ဦးညွှတ်အလေးပြုလျက် -

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)

ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[8888 NEW GENERATIONS] New link

0 comments
Aung Khaing Myint 5:29am Jan 9
ပြဿနာ တစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ...

ပြဿနာ တစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ....
 
...

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[လွပ်လပ်ခြင်း] သို့

0 comments
သို့ ဗဟိုကော်မီတီ(ဋ္ဌါနချုပ်)...
Khu Daun 5:29am Jan 9

[Freedom Burma] သို့

+++++++++++++++++++++++++++++++

Aung Khaing Myint 5:28am Jan 9
The most popular news media in Myanmar.We publish First Eleven Sport Journal, Weekly Eleven News Jou...

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[၁၁။ဓမ္မာရုံ] မမေ့လျှင် နိဗ္ဗာန် ၊ မေ့လျှင် သုဿာန်

0 comments
မမေ့လျှင် နိဗ္ဗာန် ၊ မေ့လျှင် သုဿာန်...
Nay Aung Khant 5:27am Jan 9
မမေ့လျှင် နိဗ္ဗာန် ၊ မေ့လျှင် သုဿာန်

မြတ်စွာဘုရား အဆုံးအမတွေကတော့ အများကြီး ၊ သို့သော် အပ္ပမာဒထဲ အကုန်လုံး အကျုံးဝင်သွားတယ်။

အပ္ပမာဒေါ အမတံ ပဒံ ( မမေ့လျှင် မသေတဲ့ နိဗ္ဗာန် ရောက်မယ် )။

ပမာဒေါ မစ္စုနော ပဒံ ( မေ့လျှင်တော့ သုဿာန် ရောက်မှာဘဲ )။

တစ်နေ့ တစ်နေ့ မေ့တာနဲ့ မမေ့တာ ဘယ်ဒင်းကများမလဲ၊ ကိုယ့်ဟာကိုယ် အသိဆုံး။

နိဗ္ဗာန် သွားမှာနဲ့ သုဿာန် သွားမှာ ဘယ်ဒင်းကများမယ် ၊ သတိကလေးနဲံနေကြပါ ၊ သုဿာန်သွား စရာ မလိုတော့ပါဘူး ဟု ရွှေဥမင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောသလ္လ က မိန့်မှာတော်မူပါသည်။ ။ ဘုန်းဘုန်းကြီးက ဆက်လက်ဟောပါတယ် သတိထားရင်းက သတိရှိလာရင် သက်သောင့်သက်သာ ရှိတယ် ။ ပထမတော့ အားမရစရာလိုပဲ ၊ ပေါ့ပေါ့ပါးပါးနဲ့ သိနေရလို့ အားမရသလို ဖြစ်တယ် ၊။ နည်းနည်းလေး စိတ်စိုက်အားကြီးရင် တင်းကျပ် ပင်ပန်းလာတယ်။ ခေါင်းရော ကိုယ်ရော တင်းကျပ်လာတယ်။ သတိစွဲရပ်နေသလိုမျိုးဖြစ်လာတယ်။ ဒါဆိုရင်သတိထားရင်းနဲ့ သတိလွတ်နေပြီ ၊ သတိမရှိတော့ဘူး ၊ စိတ်ကိုလျှော့ပေးပါ။ စိတ်ရော ကိုယ်ရော လျှော့ပြီး အေးအေးလေး သတိထား ကြည့်ပေးပါ ။ မြင်သတိ ကြားသတိ စားသတိ သွားသတိ လှုပ်သတိ ၊ သတိထားလို့ သတိရှိလာပြီဆိုရင် ဓမ္မ အလုပ်ဖြစ်သွားတယ် ။ ဓမ္မ အလုပ်ဖြစ်သွားရင် မှန်ကန်တဲ့အသိ မှန်ကန်တဲ့ အားထုတ်မှု မှန်ကန်တဲ့အတွေး အဲဒါတွေက သဘာဝ ဖြစ်နေတယ်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[8888 NEW GENERATIONS] သို့

0 comments
သို့ ဗဟိုကော်မီတီ(ဋ္ဌါနချုပ်)...
Khu Daun 5:26am Jan 9
သို့

ဗဟိုကော်မီတီ(ဋ္ဌါနချုပ်)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)

မှ
ကိုကိုဦး(မကဒတအဖွဲ့ဝင်ဟောင်း)၏အကြံပေးစာ

ကျနော် မကဒတ(ABSDF)ထုတ်ပြန်ကြေငြာချက်ကိုဖတ်လိုက်ရတော့အတော်ကိုအံ့သြသွား ရပါတယ်၊ အားမနာတမ်းပြောရမယ်ဆိုရင်မျှော်လင့်ထားတာနဲ့တခြားစီဖြစ်နေလို့ပါပဲ၊အဲဒီက အချက်တွေကို ထောင့်ပြီးပြောရမယ်ဆိုရင် ထုတ်ပြန်ကြေငြာချက်တွင်ပါရှိသည့်အပိုဒ်(၃)ကို ကျနော်အနေနဲ့လုံးဝသဘောမကျခဲ့ပါ၊ ၄င်းတွင်ပါဝင်သည့်

"မကဒတ(ကျောင်းသာတပ်မတော်)မှအရေးယူဆောင်ရွက်ခဲ့သောသူလျှိုဖေါ်ထုတ်မှုနဲ့ပတ်
သက်ပြီး"ဟုညွန်းဆိုထားခြင်းသည် မကဒတအလုပ်အဖွဲ့မှအဖြစ်မှန်ဖေါ်ထုတ်ရေးကိုမလုပ်ခင်
ကတည်းကပင် ကြိုတင်ညွန်းဆိုချက်ချပြီးသားသလိုမျိုးခံစားမိပါသည်၊

အသတ်ခံရသူတွေအထဲမှာသူလျှိုတွေပါနေပြီဆိုတဲ့အမြင်ကို စုံစမ်းစစ်ဆေးရေးမလုပ်ခင်ကပင် ရှိနေခဲ့ပါက ဘယ်လိုသောစစ်ဆေးဖေါ်ထုတ်မှုကိုလုပ်လင့်ကစား မျှမျှတတဖြစ်လာဖို့အခက်အ
ခဲတွေအများကြီးရှိလာနိုင်ပါတယ်၊

တကယ်ဆိုလျှင်ပြုလုပ်သူနဲ့ပြုလုပ်ခံရသူနှစ်ဦးအကြား တရားသူကြီးသဘွယ် တရားမျှတမှုရှိ အောင်ဆောင်ရွက်ပေးရမည့် မကဒတအနေ့နဲ့ ဦးစွာပထမ သံသယကင်းကင်းထားရှိပြီးမှ စစ်ဆေးတွေ့ရှိချက်အပေါ်မျှမျှတတအဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်၊

ဒါကလည်း အဖွဲ့အစည်းကချမှတ်မည့်ဆုံးဖြတ်ချက်မျှသာဖြစ်ပြီး ဥပဒေစံနှုန်းအရဖြစ်ဖို့တော့ အလားအလာအလွန်နည်းနေဦးမှာပင်ဖြစ်သည်၊

အပိုဒ်(၃)(က)မှာ "မကဒတ၏သမိုင်းရေးဆိုင်ရာကိစ္စဖြစ်သည်"ဟုဆိုထားခြင်းကိုလည်း ကျနော်အနေနဲ့ဤအယူအဆကိုသိပ်သဘောမတွေ့ပါ၊ အမှန်တကယ်ဆိုရလျှင် ယခုကိစ္စသည်

မကဒတ၏အဖွဲ့တွင်းရေးရာဆိုင်ရာကိစ္စဖြစ်သည့်အပြင် ကျောင်းသားလှုပ်ရှားမှုဆိုင်ရာသမိုင်း

တစ်ခုလုံးထဲမှာပင်အကျူံးဝင်လျှက်ရှိနေပါသည်၊

အပိုဒ်(၃)(ခ)မှာ"ရန်သူစစ်အာဏာရှင်တို့၏စနစ်တကျသပ်လျှိုဖြိုခွဲမှုဖြစ်သည်"ဆိုရာ၌အဓိပ္ပါယ်

နှစ်ခွထွက်နေသကဲ့သို့ခံစားမိပါသည်၊

ရန်သူသူလျှိုဆိုတာဘယ်သူ့ကိုရည်ညွန်းတာလည်းသိပ်မရှင်းပါ။ အသတ်ခံရသူတွေဟာ သူလျှိုဖြစ်နေတာလား၊သတ်တဲ့သူတွေကပဲသူလျှိုဖြစ်နေတာလား၊မရှင်းမရှင်းဖြစ်နေရပါတယ်၊

တကယ်လို့အသတ်ခံရသူတွေဟာသူလျှိုတွေဖြစ်တယ်၊ သူလျိုတွေပါနိုင်တယ်ဆိုရင် ကိုမျိုးဝင်း၊ကိုသံချောင်း၊ရော်နယ်အောင်နိုင်တို့ကျူးလွန်ခဲ့သော မဆင်မချင်ဗိုလ်ကျမှုကို ထောက်ခံပေးလိုက်သည့်သဘော သက်ရောက်သွားနိုင်ပါသည်၊

သေဒဏ်အမိန့်ကို လွယ်လင့်တကူချမှတ်ပြီး သတ်ဖြတ်မှုမှာတာဝန်ရှိသူတွေကိုရန်သူသူလျိုလို့ ဆိုရင်တော့ ကိုမျိုးဝင်း၊ ကိုသံချောင်း၊ရော်နယ်အောင်နိုင်တို့က သူလျှိုဖြစ်နိုင်သည်ဟု နားလည်သွားနိုင်ပါသည်၊

ဒါကြောင့်မကဒတလက်ရှိဗဟိုအနေနဲ့ချထားသောအခြေခံသဘောတရားသည်ပြည့်စုံလုံ
လောက်ခြင်း၊ ရှင်းလင်းပြတ်သားခြင်းမရှိဘူးဆိုတာကိုတွေ့ရှိနေရပါသည်၊

အပိုဒ်(၄)အရ"အထက်ပါအခြေခံသဘောတရားကိုကိုင်ဆွဲ၍ဖြစ်ရပ်မှန်ဖေါ်ထုတ်နိုင်ရေး"ကို
အလုပ်အဖွဲ့မှဆောင်ရွက်သွားမည်ဟုဆိုထားသည့်အတွက်အပိုဒ်(၃)(ခ)ကိုအကျယ်တ၀င့်ရှင်း
လင်းရန်လိုနေပါသည်၊

မိမိအနေဖြင့် မကဒတမြောက်ပိုင်းကိစ္စသည် မကဒတ၏သမိုင်းရေးရာသာမက ကျောင်းသား
လှုပ်ရှားမှုသမိုင်းနဲ့အကျုံးဝင်နေသည့်အတွက် မကဒတ၏အလုပ်အဖွဲ့တစ်ခုဖြစ်သာဆောင်
ရွက်မည်ဆိုပါက ပြီးပြည့်စုံအောင်ဆောင်ရွက်နိုင်မည်မဟုတ်သည့်အပြင် ဘက်စုံပေါင်းစုံ
ဆောင်ရွက်ပေးနိုင်မည်ဟုမယူဆပါ၊သို့ဖြစ်ပါ၍လက်ရှိမကဒတဗဟိုအနေဖြင့်ပိုမိုရှင်းလင်းပြတ်
သားသည့်အခြေခံမူကိုချမှတ်ပြီး ဘက်မလိုက်ပဲမျှမျှတတဆောင်ရွက်သွားနိုင်ဖို့အလွန်အရေး
ကြီးနေပါသည်။အကယ်၍လက်ရှိမကဒတဗဟိုအနေဖြင့်တဖက်ဖက်ကိုမယိမ်းမယိုင်ပဲ ဆောင်ရွက်ခဲ့နိုင်သောအနေအထားကိုမရရှိခဲ့လျှင် ပိုမိုရှုပ်ထွေးသောနောက်ထပ်အကျိုးဆက်
များကိုလည်းရလာနိုင်သောအနေအထားတွင်ရှိနေပါသည်။သို့ဖြစ်၍မကဒတ၏အလုပ်အဖွဲ့ဝင်
များသာမက မှန်မှန်ကန်ကန်ဆောင်ရွက်လိုစိတ်ရှိသောသူများကိုပါထည့်သွင်းပြီး ပိုမိုကျယ်ပြန့်
သော အမှုမှန်ဖေါ်ထုတ်ရေးကော်မရှင်ကိုဖွဲ့စည်းဆောင်ရွက်သင့်သည့်ထင်မြင်မိပါသည်၊

လေးစားစွာဖြင့်
==================================================

ရန်သူ့သူလျှို ဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် သဘောထားထုတ်ပြန်ချက်
++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့သော မကဒတ (ကျောင်းသား တပ်မတော်) သည် "ရဟန်း၊ ပြည်သူ၊ ကျောင်းသား၊ လူတန်းစားပေါင်းစုံ၊ တိုင်းရင်း သားပေါင်းစုံ" ဖြင့် ဖွဲ့ စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ ပြင်

• အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေး

• ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး

• ပြည်တွင်းငြိမ်းချမ်းရေး နှင့်

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဟူသော ဦးတည်ချက် (၄) ရပ်ကို အခိုင်အမာကိုင်စွဲရင်း စစ်အာဏာရှင် စနစ်အား ပြတ်သားစွာတိုက်ပွဲဝင်လာခဲ့သော အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

၂။ တိုက်ပွဲဝင်ခဲ့သည့် ၂၃ နှစ်ကျော်ကာလအတွင်း အဖွဲ့ အစည်းပြိုကွဲပျက်စီးရန်နှင့် အဖွဲ့ အစည်းတွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားရန်အတွက် စစ်အာဏာရှင်များဖက်က ဘက်ပေါင်းစုံမှ သပ်လျှိုဖြိုခွဲမှုများကိုလည်း ကြုံတွေ့ 

ဖြတ်သန်း ခဲ့ရသည်။ တပြိုင်နက်တည်းတွင် ၎င်းကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့ အကြုံအရ အားနည်းမှုများ၊ နိုင်ငံရေး မရင့်ကျက်မှုများ ရှိခဲ့ပါသည်။

၃။ ထို့ ကြောင့် မကဒတ(ကျောင်းသားတပ်မတော်)မှ အရေးယူဆောင်ရွက်ခဲ့သော ရန်သူ့ သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် အဋ္ဌမအကြိမ်ညီလာခံသက်တမ်းအတွင်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့  ဗဟိုကော်မတီစုံညီအစည်းအဝေးတွင် အောက်ပါသဘောထားကို ချမှတ်ထားပြီးဖြစ်သည်။

(က) မကဒတ ၏ သမိုင်းရေးဆိုင်ရာ ကိစ္စဖြစ်သည်။

(ခ) ရန်သူစစ်အာဏာရှင်၏ စနစ်တကျ သပ်လျှို ဖြိုခွဲမှုဖြစ်သည်။

(ဂ) အချိန်ကာလတခုရောက်လျှင် သက်ဆိုင်သူများအားလုံး ပူးတွဲညှိနှိုင်းဖြေရှင်းရန်နှင့် ရရှိလာသော ရလာဒ် အပေါ် မကဒတ(ကျောင်းသားတပ်မတော်)မှ တာဝန်ခံသွားမည်ဖြစ်သည်။

၎။ သို့သော် လက်ရှိကာလ ဖြစ်ပေါ်လျှက်ရှိသော အခြေအနေအရပ်ရပ်အရ အထက်ပါ အခြေခံသဘောထားကို ကိုင်စွဲ ၍ ဖြစ်ရပ်မှန်ဖော်ထုတ်နိုင်ရေးအတွက် အလုပ်အဖွဲ့ တစ်ခုအား ဖွဲ့ စည်းတာဝန်ပေးအပ်သွားမည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီး သီးတို့ မှလည်း ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် ရဲဘော်ရဲမေ အပေါင်း အား ဦးညွှတ်အလေးပြုလျက် -

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)

ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[8888 NEW GENERATIONS] ပညာရေးမှာ ဘာတွေမှားခဲ့သလဲ (မောင်ဝံသ)

0 comments
ပညာရေးမှာ ဘာတွေမှားခဲ့သလဲ (မောင်ဝံသ) ပညာရေးမှာ...
Aung Khaing Myint 5:16am Jan 9
ပညာရေးမှာ ဘာတွေမှားခဲ့သလဲ (မောင်ဝံသ)

ပညာရေးမှာ ဘာတွေမှားခဲ့သလဲ (မောင်ဝံသ)
[By Maung Wuntha ]
ယခုအပတ်ထုတ် True News သစ္စာ ဂျာနယ်ပါ မှန်တာပြော သစ္စာ / မောင်ဝံသ ဆောင်းပါး။

ပညာရေးမှာ ဘာတွေမှားခဲ့သလဲ

၂၀၁၂ ခုနှစ်ဟာ နှစ်ပေါင်းငါးဆယ်ကြာကာလအတွင်း ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကမ္ဘာ့လူသားအားလုံး ရရှိခံစား ပိုင်ဆိုင်နိုင်ခွင့်ရှိတဲ့ ကောင်းမြတ်ခြင်းတရားတွေနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ အပြိုးပြက်ဆုံး လင်းလက်တောက်ပမယ့် နှစ်တစ်နှစ်ဖြစ်ဖွယ် ရှိနေတာကြောင့် ဒီနှစ်အတွက် ကျွန်တော့်ရဲ့ ပထမဆုံးဆောင်းပါးကို လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ပညာအကြောင်းနဲ့ ဖွင့်လိုက်ချင်တယ်ဗျာ။
ပညာသည်တန်ခိုးအာနိသင်
]]ပညာသည် တန်ခိုးအာနိသင်}} (Knowledge is power) ) လို့ အလယ် ခေတ် ဗြိတိသျှလူမှုဗေဒပညာရှင်ကြီး ဆာဖရန်စစ်ဘေကွန်က ဆိုခဲ့ဖူးတယ်ဗျ။
ပညာဟာ ကမ္ဘာမှာ လူသားရယ်လို့ ပီပီပြင်ပြင်ဖြစ်ထွန်းပေါ်ပေါက်လာ ချိန်ကစလို့ ဒီကနေ့ တတိယထောင်စုနှစ်ထဲ ၀င်လာခဲ့တဲ့အချိန် အထိ လူသားရဲ့ အရေးအရာတွေမှာ ဘယ်တုန်းကမှ အောက်တန်းနောက်တန်း တစ်နေရာမှာ အထားခံခဲ့ရဖူးတာ မဟုတ်ဘူးဆိုပေမယ့် ဒီကနေ့ခေတ်လောက် ပညာကို လူ့အရေးကိစ္စအားလုံးရဲ့ ထိပ်ဆုံးမှာ အထူးဦးစားပေး အလေးထား အာရုံစိုက်နေကြတာမျိုးကတော့ လူ့ သမိုင်း တစ်ခုလုံးအနေနဲ့ ပြောရရင် ဒါပထမဆုံးဖြစ်တယ်လို့ဆိုရလိမ့်မယ် ထင်တယ်ဗျ။

၂၀၁၁ခုမှာ အထူးခြားဆုံး အာရပ်နွေဦး
နှစ်ဟောင်းအကုန် နှစ်သစ်အကူးကာလထုတ်ဝေတဲ့ ပြည်တွင်းပြည်ပဟာ စာနယ်ဇင်းအားလုံးလိုလိုမှာ ကုန်လွန်သွားခဲ့ပြီဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ အထူးခြား ဆုံး အခြင်းအရာတစ်ခုကို ဆန်းစစ်သုံးသပ်ခဲ့ကြရာမှာ အားလုံးဟာ အာရပ် ကမ္ဘာမှာ ရာစုနှစ်နဲ့ချီ အိပ်ပျော်နေခဲ့ကြတဲ့ ပြည်သူတွေ နိုးထလာကြပြီး ပြည်သူ့စွမ်းပကား (people's power) နဲ့ အာဏာရှင် အစိုးရတွေကို တွန်းလှဲဖြိုချ ဖယ်ရှားပစ်ခဲ့ကြမှုကို တင်စား သုံးနှုန်းတဲ့ ]အာရပ်နွေဦး} ကို တစ်ညီ တစ်ညွှတ် တည်း ရွေးချယ်ခဲ့ကြတယ်ဗျ။ တစ်ဆက်တည်းမှာ အဲဒီအာရပ်ကမ္ဘာက လူထုလှုပ်ရှားမှုတွေရဲ့ ၀င်ရိုးဟာ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ဂူဂဲလ်၊ ယူကျု၊ အိုင်ပက်၊ အိုင်ဖုန်း စတဲ့ ခေတ်မီဆက်သွယ်ရေးနည်းပညာနဲ့ နည်းပညာပစ္စည်းတွေ ဖြစ်တယ်။ တစ်နည်းပြောရရင် ပညာပဲ ဖြစ်တယ်လို့ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူ အားလုံးက မီးမောင်းထိုးပြခဲ့ကြတယ်ဗျာ။

ဗုဒ္ဓသည် ပညာအဓိကဘုရား
ကျွန်တော်တို့နိုင်ငံမှာ လူများစုကြီး ကိုးကွယ်ရာ ဗုဒ္ဓသာသနာကို ထူထောင်ခဲ့တဲ့ ဂေါတမမြတ်စွာဗုဒ္ဓဟာလည်း သဒ္ဓါအဓိက၊ ၀ိရိယအဓိက၊ ပညာအဓိကဆိုတဲ့ ဘုရားတွေအနက် ပညာအဓိက ဘုရားဖြစ်တယ်ဆိုတာ ဗုဒ္ဓ ဘာသာဝင်တိုင်း အသိဖြစ်တယ်ဗျ။ အဲဒါရဲ့ အကျိုးဆက်အဖြစ် ကျွန်တော်တို့ နိုင်ငံဟာလည်း ပညာကို အထူးအလေးအမြတ်ထားဦးစားပေးတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးသမိုင်း၊ လူမှုရေးသမိုင်း၊ ယဉ်ကျေးမှုသမိုင်းတွေကို လေ့လာကြည့်ရင် အထင်အရှားမြင်တွေ့နိုင်တယ်ဗျ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အားလုံးကို လူတစ်ဦးတည်းက ပိုင်ဆိုင်တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်မှာတောင် ပညာရှင်တွေ လူ့အဖွဲ့အစည်းရဲ့ ရှေ့ဆုံးတန်း ထိပ်ဆုံးတန်းမှာ နေရာပေးခြင်းခံခဲ့ကြရတဲ့ အဖြစ်အပျက်တွေ ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ အများအပြားရှိခဲ့တာ သမိုင်း လေ့လာသူအားလုံး အသိဖြစ်တယ် ဗျ။

ပညာရဲ့နေရာ လျှောကျခဲ့ရ
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကာလအတွင်း အဲဒီအခြေအနေဟာ ယိုယွင်းယိမ်းယိုင်ခဲ့ရတယ်ဗျာ။ ]ပညာအခြေခံ လူ့အဖွဲ့အစည်း} ဆိုတဲ့ သဘော တရား အဲဒီကာလအတွင်း တရားဝင် ဖျက်သိမ်းခြင်းခံခဲ့ရတာ မဟုတ်ပေမယ့် လက်တွေ့အနှစ်သာရအရတော့ ပညာဟာ ဦးစားပေး အဆင့်ကနေ လျှောကျ ခဲ့ရ (ဒါထက် ပိုပြီး ပီပီပြင်ပြင်ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ပြောရရင်) ပညာဟာ သစ္စာခံမှုရဲ့ နောက်ကို ပို့ပစ်လိုက်ခြင်းခဲ့ရတာ ဖြစ်တယ်ဗျ။ အကျိုးဆက်ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အဲဒီခေတ်ရဲ့ ပထမ မျိုးဆက်ကာလမှာ နိုင်ငံဟာ ]ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ} (LDC) ဖြစ်သွားခဲ့ပြီ၊ ဒုတိယမျိုးဆက်ကာလမှာ ]ရှုံးနိမ့်သောနိုင်ငံ}( Failed State) တစ်ခုအဖြစ်ဆီသို့ တရွေ့ရွေ့လျှောကျနေတဲ့ နိုင်ငံတစ်ခုအဖြစ် ကျရောက်သွား ခဲ့တာပဲ ဖြစ်တယ်ဗျ။

သင်္ဘောကြီး ပြန်ပေါ်လာသလို
အခုတော့ တဖြည်းဖြည်းချင်း နစ်နေတဲ့ သင်္ဘောကြီးဟာ တစ်ချိန်က အတိုက်အခံဖြစ်သူတွေ အပါအ၀င် ပြည်သူတစ်ရပ်လုံး အားကြိုးမာန်တက် ခပ်ထုတ်နေတဲ့ရေတွေကြောင့် တဖြည်းဖြည်းချင်း ရေပေါ်ကို ပြန်ပေါ်စပြုနေ ပြီဗျာ။ အဲဒီဖြစ်စဉ်ရဲ့ အစမှတ်တစ်ခုကတော့ ]စတုတ္ထမဏ္ဍိုင်ကို အလေးထား ကြရမယ်}ဆိုတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့စကား ဖြစ်တယ် လို့ ကျွန်တော်ကတော့ ယူဆတယ်ဗျ။ သမ္မတကြီးရဲ့ အဲဒီစကားက လက်တွေ့ အနှစ်သာရအရ ပြောရရင် ရာစုတစ်ဝက်လောက် အမှိုက်ပုံးထဲရောက် နေခဲ့တဲ့ ]ပညာ}ကို ဆွဲထုတ်ဆေးကြောသန့်စင်တိုက်ချွတ်ပြီး သူ့ရဲ့နေရာမှန်ဖြစ်တဲ့ န၀ရတ်ကိုးပါး စီခြယ်ထားတဲ့ ကလပ်ပေါ် ပြန်တင်ပေးလိုက်တာဖြစ်တယ်ဗျာ။ ပညာလောကသားတစ်စုရဲ့ အခန်းကဏ္ဍကို လေးစားအသိအမှတ်ပြုကြဖို့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ကို ညွှန်ကြားလိုက်တာဖြစ်တယ်ဗျ။

ပုဂ္ဂလိကကျောင်းများထူထောင်ခွင့်
အဲဒီနောက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး နောက်ထပ်ပြုပြင် ပြောင်းလဲမှု တွေ အစိုးရက ဦးဆောင်ပြုလုပ်လာတာကို မြင်တွေ့ခဲ့ကြရတယ်ဗျ။ အဲဒီထဲမှာ အထင်ရှားဆုံးကတော့ ပုဂ္ဂလိကကျောင်းများ တည်ထောင်ခွင့် ဥပဒေ ထွက်ပေါ်လာခြင်းနဲ့ ၂၀၁၂ ပညာသစ်နှစ်က စပြီး တက္ကသိုလ်ပညာသင်နှစ်ကို တစ်နှစ်တိုးလိုက်တဲ့ အစီအစဉ်တို့ပဲ ဖြစ်တယ်ဗျ။
ကျွန်တော်က လွတ်လပ်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ရေး အတွက် ပညာရေးဟာ အခရာဖြစ်တယ်ဆိုတဲ့ သဘောတရားကို နက်နက် ရှိုင်းရှိုင်း နှစ်နှစ်ကာကာ ယုံကြည်ထားသူဖြစ်တာမို့ ပညာရေးတိုးတက်ဖို့ အမှန်တကယ် ရည်ရွယ်တဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကို မဆို ယေဘုယျအားဖြင့် ကြိုဆိုချင်ပါတယ်ဗျ။ ဒါကြောင့် နိုင်ငံတော်အစိုးရရဲ့ အဲဒီကြိုးပမ်းမှုတွေကိုလည်း ကြိုဆိုတယ်ဗျာ။

ဘာတွေမှားခဲ့သလဲ
ဒါပေမယ့် နှစ်ပေါင်းငါးဆယ်လောက် ယိုယွင်းယိုင်နဲ့နေခဲ့တဲ့ ပညာရေး ယန္တရားကြီး တစ်ခုလုံး အားကောင်းမောင်းသန် ဖြစ်လာဖို့ ဆိုရင် အဲဒီကာလမှာ ဘာတွေမှားခဲ့တာလဲဆိုတာတွေကို အစွဲကင်းကင်းနဲ့ ဆန်းစစ်လေ့လာ ဖော်ထုတ်ပြီး အမှန်ရောက်အောင် အမှားပြင် ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ အသစ်ထပ်မံဖြည့်စွက်တာမျိုးတွေ မလုပ်ဘဲနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ယူဆတယ်ဗျ။
ဥပမာ ဒီမိုကရေစီပညာရေးစနစ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်သူ (ှStake holder) တစ်ဦးဖြစ်တဲ့ ကျောင်းသားတွေရဲ့ တကယ့်ရင်ထဲက အသံတွေ ကြားနိုင်ဖို့အရေးမှာ ပင်မအခြေခံဖြစ်တဲ့ စစ်မှန်တဲ့ ကျောင်းသား ကိုယ်စား လှယ်တွေ ထွက်ပေါ်လာအောင် ဘယ်လိုလုပ်မလဲ။ ဆရာက သင်၊ ကျောင်းသားက ထိုင်နားထောင်ပြီးတော့ တကယ် ဘာမှနားမလည်ဘဲ အလွတ်ကျက် ပြန်ဖြေတဲ့ တစ်လမ်းသွား ပညာရေး စနစ်ကို ဘယ်လိုပြုပြင် ပြောင်းလဲမလဲ။ အရွယ်မတိုင်ခင် စီးပွားရေးလုပ်ငန်းထဲ ရောက်နေကြတဲ့ ကလေးသူငယ်အားလုံး မဟုတ်တောင် အများစုကြီး စာသင်ခန်းထဲ ရောက်လာအောင် ဘယ်လိုလုပ်မလဲ။ တစ်နေ့ကို သုံးလေးနာရီလောက် ဘတ်စ်ကားပေါ်မှာ အလဟဿ အချိန်ဖြုန်းပြီးမှရောက်နိုင်တဲ့ မြို့စွန်မြို့ဖျားက နေရာတွေမှာ တက္ကသိုလ်တွေ ရောက်နေတာ ဘာကြောင့်လဲ။ အဲဒီလိုဖြစ်နေ တာ သဘာဝ ကျရဲ့လား။ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းရဲ့လား။ အကျိုးထက် အပြစ်က ပိုများနေသလား။ တက္ကသိုလ်ကြီးတွေဟာ ခမ်းနားကြီးကျယ် သလောက် ပညာရေးအနှစ်သာရ မယ်မယ်ရရမရှိတဲ့ ]အဆင်းလှဆန်း လူ့ပေါက်ပန်း}တွေလို ဖြစ်နေသလား။ ]တက္ကသိုလ်ရဲ့ အသက်ဟာ သုတေသန} ဆိုတဲ့စကားနဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေ ကိုက်ညီရဲ့လား စတဲ့ စတဲ့ မေးခွန်းပေါင်းများစွာအတွက် အမြန်ဆုံး အဖြေရှာ လုပ်ဆောင်ခြင်းမရှိဘဲနဲ့တော့ ကျွန်တော်တို့နိုင်ငံ ကမ္ဘာကြီး မဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံတချို့ကိုတောင် အမီလိုက်နိုင်ဖို့ မလွယ်သေးဘူးလို့ ကျွန်တော် ထင်တယ်ဗျာ။

၀၃ ၀၁ ၂၀၁၂

Rozoner King created a doc.
http://8888newgenerations.blogspot.com/2012/01/blog-post_9712.html#links

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[Funny and Amazing] မိုက်ရက်တက်ခဲ့ တိုင်ပေါ်ကိုဟိဟိ

0 comments
မိုက်ရက်တက်ခဲ့ တိုင်ပေါ်ကိုဟိဟိ
Min Aung Lay 5:11am Jan 9
မိုက်ရက်တက်ခဲ့ တိုင်ပေါ်ကိုဟိဟိ

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[၄။အညာဒေသချစ်မြတ်နိုးသူများ] New link

0 comments
Read more »

[လွပ်လပ်ခြင်း] ဒီမိုကရေစီကို ဘယ်လိုမြင်လဲ ခွေး...

0 comments
ဒီမိုကရေစီကို ဘယ်လိုမြင်လဲ ခွေး...
Soe Win Maung Soe 5:08am Jan 9
ဒီမိုကရေစီကို ဘယ်လိုမြင်လဲ ခွေး စနစ်လို့မြင်လား ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေပါတယ်လို့ နှစ်ဖက်လူကြီးတွေပြောနေတာ ကို ခွေးဖြစ်အောင်လုပ်နေကြတယ်လို့ မြင်လား ၊ အာဏာရှင်စနစ်ကမှကောင်းသလား ၊ ဒီမိုကရေစီခေါတ်မှာ မင်းအတွက်နေရာမရှိမှာဆိုးရိမ်နေတာလား ၊ ခိုးဆိုးလုမယ်လို့စိတ်ကူးပြီးတပ်ထဲဝင်တာလား ၊ ချမ်းသာကြီးပွား အနိုင်ကျင့်ချင်လို့တပ်ထဲဝင်တာလား ၊ အာဏာရှင်လူတစုကိုကာကွယ်ဖို့တပ်ထဲဝင်တာလား ၊ကိုယ်ကြိုးစီးပွားရှာတဲ့နေရာ လို့ဗိုလ်ချုပ် တည်ဆောက်ခဲ့တဲ့ တပ်မတော် ကိုထင်နေတာလား ၊ ပြည်သူကိုချစ်လို့ကိုယ်ကျိုးစွန့်ဖို့တပ်ထဲဝင်လာတာလား ၊ ခေါင်းအေးအေးထားစဉ်းစား ပြီးဖြေကြည့်ပါညီ

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[Freedom Burma] New link

0 comments
Naung Lat 5:06am Jan 9
Feel A Boob Day!!! Australia 31/03/2011
bit.ly
She is very nice!! Watch in HD version!

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[၄။အညာဒေသချစ်မြတ်နိုးသူများ] ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ...

0 comments
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ...
Kozay Lin 5:05am Jan 9
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ ဥာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရား

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[မြန်မာ့ အလင်းကောင်းကင်] ABSDF ရန်သူ့သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး...

0 comments
ABSDF ရန်သူ့သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး...
Khu Daun 4:52am Jan 9
ABSDF ရန်သူ့သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် သဘောထားထုတ်ပြန်ချက် နှင့်ပါတ်သက်၍ ကိုကိုဦး ရဲ့  သဘောထားအမြင် တုန်ြ့ပန်စာ..။

Suggestion Letter to ABSDF(From Ko Ko Oo)
http://www.scribd.com/doc/77566305/Sugge...

www.scribd.com
Scribd is the world's largest social reading and publishing site.

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[လွပ်လပ်ခြင်း] ABSDF ရန်သူ့သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး...

0 comments
ABSDF ရန်သူ့သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး...
Khu Daun 4:51am Jan 9
ABSDF ရန်သူ့သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် သဘောထားထုတ်ပြန်ချက် နှင့်ပါတ်သက်၍ ကိုကိုဦး ရဲ့  သဘောထားအမြင် တုန်ြ့ပန်စာ..။

Suggestion Letter to ABSDF(From Ko Ko Oo)
http://www.scribd.com/doc/77566305/Sugge...
Suggestion Letter to ABSDF(From Ko Ko Oo)
www.scribd.com
Scribd is the world's largest social reading and publishing site.

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »
 
Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN